သတင်း

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းနှင့် တိုက်နေ၍ မန်း အကြမ်းဖက်ရှုတ်ချပွဲ ဖျက်သိမ်းခဲ့ရ

Want create site? Find Free WordPress Themes and plugins.

အမျိုးသားရေး လှုပ်ရှားသူများဟု ဆိုသည့်အဖွဲ့က ဦးဆောင်ပြုလုပ်မည့် အကြမ်းဖက် ရှုတ်ချပွဲသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ မိန့်ခွန်း ပြောကြားမည့်နေ့နှင့် တိုက်နေသဖြင့် ဒေသန္တရစည်းကမ်းအရ ခွင့်မပြုကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးမြင့်တင်က ဧရာဝတီကို ပြောသည်။

ဦးမြင့်တင်က “ဥပဒေမှာကိုက နိုင်ငံတော်မှာ တရားဝင်လုပ်မယ့် အခမ်းအနားတွေ ရှိတဲ့နေ့မျိုးမှာ ငြိမ်းစုစီ လုပ်ခွင့် မရှိဘူးဆိုတာ ပါပြီးသားပါ။ အဲဒါကြောင့် ခွင့်မပြုတာပါ။ သူတို့လုပ်ချင်ရင် နောက်ရက်မှာ ပြန်တင်နိုင်ပါတယ်” ဟု ပြောသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ယနေ့ နံနက် ၁၀ နာရီ၌ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့ပြီး အဆိုပါ မိန့်ခွန်းကို မန္တလေးမြို့၊ မဟာအောင်မြေမြို့ နယ် မနော်ရမ္မံကွင်းတွင် တိုက်ရိုက်ပြသသွားခဲ့သည်။

ယနေ့တွင်ပင် အဆိုပါကွင်း၌ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်အရေးနှင့် ပတ်သက်၍ မန္တလေးတိုင်းရှိ အမျိုးသားရေးလှုပ်ရှားသူများဟု ဆိုသည့် အဖွဲ့က ရှုတ်ချပွဲ ပြုလုပ်ရန် ခွင့်ပြုချက်ကို ၄၈ နာရီ ကြိုတင်ခဲ့သော်လည်း ဒေသန္တရအမိန့်ကြောင့် ခွင့်ပြုချက် မရသဖြင့် ပွဲဖျက်လိုက်ရကြောင်း အကြမ်းဖက်ရှုတ်ချပွဲကို ပါဝင် ဦးဆောင်သူ ဦးခင်မောင်ဝင်းက ဧရာဝတီကို ပြောသည်။

ဦးခင်မောင်ဝင်းက “ ဒီပွဲဟာ အစိုးရကို ဆန့်ကျင်တဲ့ပွဲလည်း မဟုတ်ဘူး။ ကိုယ့်နိုင်ငံအတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးတာကို ကူညီခွင့်မရတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ လုံခြုံရေးကို စိတ်ပူတယ်လို့ ပြောရအောင် ကျနော် တို့တွေက ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်မယ့် အဖွဲ့အစည်းမဟုတ်ပါဘူး” ဟု ပြောသည်။

အဆိုပါပွဲတွင် ရခိုင်ပြည်နယ်ရှိ အကြမ်းဖက် လှုပ်ရှားသူများနှင့် ပတ်သက်၍ နိုင်ငံတကာ ဖိအားပေးမှုများ၊ ပြည်တွင်း ရေး ဝင်ရောက် စွက်ဖက်မှုများ ကန့်ကွက် ရှုတ်ချပွဲကို အမျိုးသားရေး လှုပ်ရှားသူများ ဝန်းရံနိုင်ပြီး ဒေါက်တာကျော်ဆွေ (တောင်တွင်းကြီး)၊ အမတ်ဒိန်(ရန်ကုန်)၊ ဘူးလတ်လှဆွေ(ရန်ကုန်)၊ ဘဒ္ဒန ္တဣန္နာစက္ကာဘိဝံသ (မစိုးရိမ်တိုက်ကြီး မန္တလေး) တို့က စုဝေး ဟောပြောမှုများ ပြုလုပ်သွားမည်ဟု ဆရာတော် ဦးဝီရသူ၏ ဖေ့စ်ဘုတ်တွင် စက်တင်ဘာ ၁၇ ရက်က အသိပေးကြေညာထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading