• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောင်းသားလွှတ်တော် အသုံးအနှုန်း ဆက်သုံးမည်

by ဆလိုင်းသန့်စင်
24 August 2018
in သတင်း
A A
ပုသိမ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် / ဆလိုင်းသန့်စင် / ဧရာဝတီ

ပုသိမ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် / ဆလိုင်းသန့်စင် / ဧရာဝတီ

33.2k
VIEWS
Share on FacebookShare on Twitter

ပြည်ထောင်စုလွှတ်တော်မှ ကန့်ကွက်မှုများ ရှိနေသော်လည်း မိမိတို့အနေဖြင့် ကျောင်းသားလွှတ်တော် ဟူသည့်အသုံးအနှုန်းကို ဆက်လက်ကိုင်စွဲ၍ အသုံးပြုသွားမည်ဖြစ်ကြောင်း ပုသိမ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ပြောဆိုလိုက်သည်။

ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ သြဂုတ်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် “ပုသိမ်တက္ကသိုလ် ကျောင်းသားလွှတ်တော် ၂၀၁၈ နှင့် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား” ကျင်းပခဲ့ရာ “လွှတ်တော်”ဟူသည့် ဝေါဟာရကို အခြားသော အသင်းအဖွဲ့နှင့် တွဲဖက်၍ မသုံးစွဲသင့်ကြောင်း ပြည်ထောင်စု လွှတ်တော်ရုံးမှ သြဂုတ်လ ၈ ရက်နေ့က စာထုတ်၍ ကန့်ကွက်ခဲ့သည်။

RelatedPosts

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

14 June 2025
684
ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

14 June 2025
83
ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

14 June 2025
1.6k

ပြည်ထောင်စုလွှတ်တော်၏ ကန့်ကွက်မှုမှာ ဥပဒေနှင့် မညီဘဲ ဘောင်ကျော်နေသည့်အတွက် လက်မခံကြောင်းနှင့် “ကျောင်းသားလွှတ်တော်” ဟူသည့် အသုံးအနှုန်းကိုပင် ဆက်လက်အသုံးပြုသွားမည် ဖြစ်ကြောင်း ပုသိမ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ယမန်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ တုန့်ပြန်ခဲ့သည်။

“ပြည်ထောင်စုလွှတ်တော်ကနေ ကျောင်းသားလွှတ်တော် အသုံးအနှုန်းကို ကန့်ကွက်တဲ့ကိစ္စမှာ တစုံတရာ အကြောင်းပြချက် ခိုင်မာမှု မရှိဘူး။ ပြီးတော့ ပညာရေးဌာနအပေါ်မှာ ဥပဒေပြုရေးမဏ္ဍိုင်ကနေ မလျော်သော အမိန့်နဲ့ ဝင်ရောက် စွက်ဖက်တဲ့ ပုံစံမျိုးဖြစ်နေတဲ့အတွက် ကျနော်တို့ လက်မခံပါဘူး။ ကျနော်တို့ အစည်းအဝေး ဆုံးဖြတ်ချက်အရရော၊ သဘောတူညီချက်တွေအရ ကျောင်းသားလွှတ်တော်ဆိုတဲ့နာမည်ကို ဆက်လက် ကိုင်စွဲ အသုံးပြုသွားမှာဖြစ်တယ်”ဟု ပုသိမ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ စည်းရုံးရေးမှူး ကိုအောင်သက်ပိုင်က ဧရာဝတီကို ပြောသည်။

ပြည်ထောင်စုလွှတ်တော်ရုံးမှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ သြဂုတ်လ ၈ ရက်နေ့ ရက်စွဲဖြင့် ပေးပို့သည့် ညွှန်ကြားချက်တွင် “လွှတ်တော်”ဟူသော ဝေါဟာရမှာ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက အသုံးပြုခဲ့သည့်ဝေါဟာရတခုဖြစ်ပြီး “ဘုရင့်အမိန့်တော်အတိုင်း လိုက်နာဆောင်ရွက်ရသောဌာန” ဟူ၍ မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၀၈ အခြေခံဥပဒအရ “လွှတ်တော်”ဟူသော စကားရပ်ကို ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် တရားလွှတ်တော်များ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များတွင်သာ ထည့်သွင်းသုံးစွဲပြဌာန်းထားကြောင်း ရေးသားထားသည်။

ထို့ပြင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၄ (ဂ) တွင် “ကျောင်းသားသမဂ္ဂ”ဟူသော စကားရပ်ကိုသာ ပြဌာန်းထားကြောင်း၊ “လွှတ်တော်”ဟူသည့် ဝေါဟာရအသုံးအနှုန်းကို အခြားအသင်းအဖွဲ့ အစည်းများနှင့် တွဲဖက်အသုံးမပြုရန် ဥပဒေပြဌာန်းထားခြင်း မရှိသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေပြဌာန်းချက်များနှင့်အညီ သုံးစွဲခြင်းမှအပ အခြားမည်သည့်အသင်းအဖွဲ့တွင်မှ သုံးစွဲရန်မသင့်ဟု သုံးသပ် တွေ့ရှိရကြောင်း၊ ထို့ကြောင့် “ပုသိမ်တက္ကသိုလ်ကျောင်းသားလွှတ်တော်”ဟူသည့်စကားရပ်တွင် “လွှတ်တော်” ဟူသည့်ဝေါဟာရအသုံးပြုခြင်းကို ကန့်ကွက်ပါကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိ ဌာန အဖွဲ့အစည်းများ ကလည်း သုံးစွဲခွင့်မပြုသင့်ကြောင်း ညွန်ကြားဆောင်ရွက်ရန်ဟု ရေးသားထားသည်။

ပြည်ထောင်စုလွှတ်တော်ရုံး၏ အဆိုပါ ညွန်ကြားချက်မှာ ၂၀၀၈ အခြေခံဥပဒေ၊ လွှတ်တော်ဥပဒေများနှင့် မကိုက်ညီဘဲ တရားဥပဒေကို ကျော်လွန်တားမြစ်ခြင်းဖြစ်သည့်အတွက် အပြင်းအထန်ကန့်ကွက်ကြောင်း၊ အဆိုပါကိစ္စအား ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ယူဖြေရှင်းပေးရန်နှင့် နောက်နောင် “ကျောင်းသားလွှတ်တော်” အသုံးအနှုန်းနှင့် ပတ်သတ်ပြီး သဘောထား မကျေလည်မှုများအား ကျောင်းသားလွှတ်တော် ကျင်းပခြင်းဆိုင်ရာကော်မရှင်နှင့် တိုက်ရိုက် အကြံပြု ဆွေးနွေးရန် တောင်းဆိုကြောင်း ပုသိမ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ယမန်နေ့တွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ဒီမိုကရေစီအရွေ့မှာ ကျောင်းသားတွေ အတူတူဝိုင်းပြီး ကြိုးစားနေတယ်။ ဒါကြောင့် ဒီမိုကရေစီ စံနှုန်းအတိုင်း ကျင့်သုံးတဲ့ ကျောင်းသားလွှတ်တော် ကျင်းပရတဲ့အကြောင်းကို နိုင်ငံတော်အကြီးအကဲတွေဆီကို စာပို့ သွားမယ်။ ပြီးတော့ အခုဖြစ်သွားတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး တာဝန်ယူဖြေရှင်းပေးဖို့ တိုင်ကြားတောင်းဆိုတဲ့ စာမျိုးကို ဒီရက်ပိုင်းအတွင်းမှာပဲ နိုင်ငံတော် သမ္မတရုံး၊ အတိုင်ပင်ခံရုံးနဲ့ ပြည်ထောင်စုလွှတ်တော်ရုံးတို့ကို ပေးပို့သွားမှာ ဖြစ်ပါတယ်”ဟု ပုသိမ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပြင်ပဆက်ဆံရေးတာဝန်ခံ မချောစုစံက ပြောသည်။

ပုသိမ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်၍ ကျင်းပခဲ့သည့် “ပုသိမ်တက္ကသိုလ် ကျောင်းသား လွှတ်တော် ၂၀၁၈ နှင့် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား” ကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပုသိမ်တက္ကသိုလ် အုပ်ချုပ်ရေးတာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

သြဂုတ်လ ၂ ရက်နေ့တွင်ကျင်းပသည့် အခမ်းအနား ပထမရက်တွင် ပုသိမ်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင် ကိုယ်စားလှယ်လောင်းများကို ကျောင်းသားများမှ မဲပေးရွေးချယ်ခြင်းများ ပြုလုပ်ခဲ့ပြီး သြဂုတ်လ ၃ ရက်နေ့တွင် ကျောင်းသားတို့၏ မဲအများစုဖြင့် ပေါ်ပေါက်လာသည့် အလုပ်အမှုဆောင်အဖွဲ့သစ်မှ ကျမ်းသစ္စာ ကျိန်ဆိုခြင်း၊ အတန်းအလိုက်ရွေးချယ်ထားသည့် ကျောင်းသား ကိုယ်စားလှယ်များမှ ကျောင်းသား လွှတ်တော်တွင် အဆိုတင်သွင်းခြင်း၊ ဝိုင်းဝန်းဆွေးနွေးခြင်းနှင့် လွှတ်တော်မှ အများသဘောတူ ဆုံးဖြတ်ချက် ချမှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Your Thoughts …
Tags: ကျောင်းသားလွှတ်တော်ကျောင်းသားသမဂ္ဂပုသိမ်တက္ကသိုလ်
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

by ဖီးနစ်
7 December 2023
3.5k

အမျိုးသားနေ့သည် ကျောင်းသားလူငယ်တို့၏ မဟုတ်မခံ တော်လှန်လိုသော စိတ်ဓာတ်၊ အာဏာရှိသူကို တော်လှန်လိုသော စိတ်ဓာတ်တို့မှ ပေါက်ဖွားလာသည့် နေ့ထူးနေ့မြတ်တခု ဖြစ်လေသည်။

ပဋိပက္ခကြားက တက္ကသိုလ်ဝင်တန်း စာမေးပွဲ

ပဋိပက္ခကြားက တက္ကသိုလ်ဝင်တန်း စာမေးပွဲ

by Sa Phan
28 March 2024
1.1k

တက္ကသိုလ်ဝင်တန်းစာမေးပွဲ လျှောက်လွှာတင်ရန် စစ်ကောင်စီက နှိုးဆော်သည့် ကြေညာချက်နှင့် လူထုအကြား ငြင်းခုန်ဆွေးနွေးမှုကြောင့် ထိုကိစ္စသည် NUG က အာရုံစိုက်စရာ ဖြစ်လာသည်။

ကျောင်းသားသမဂ္ဂ ဖြိုခွဲခံရသည့် 7 July အရေးအခင်း

ကျောင်းသားသမဂ္ဂ ဖြိုခွဲခံရသည့် 7 July အရေးအခင်း

by ဝေယံအောင်
7 July 2021
100k

အာဏာသိမ်း တော်လှန်ရေးကောင်စီ အစိုးရသစ်သည် တက္ကသိုလ် အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက်လာပြီး တင်းကြပ်သည့် ကျောင်းဆောင်စည်းကမ်းများ ချမှတ်ခြင်းကို မကျေနပ် သည့်အတွက် ဆန္ဒပြခြင်းဖြစ်ပြီး၊ ဇူလိုင် ၇ရက်နေ့ ညနေပိုင်းတွင် ဒုဗိုလ်မှူးကြီး စိန်လွင် (နောင် သမ္မတဦးစိန်လွင်) ဦးဆောင်သော...

စစ်အာဏာသိမ်းပြီး တလခန့်အကြာ ၂၀၂၁ ခုနှစ်၊ မတ်လက သီတဂူဆရာတော်နှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

မြန်မာပြည်က သားသုံးသား အယူအဆ အရွေ့

by အုန်းညို
20 February 2023
8k

သားသုံးသားကတော့ ကျောင်းသား၊ စစ်သား၊ ဘုရားသားတို့ပဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ကျောင်းဖွင့်ကာလ / ဧရာဝတီ

ကျောင်းသားလူငယ်များ၏ အနာဂတ်ပညာရေး မျှော်လင့်ချက်မဲ့နေပြီလား

by ဝေဟင်စိုး
2 April 2022
12.5k

စစ်ဖိနပ်အောက်ပညာရေးတွင် မိမိတို့ရင်သွေးများဘဝ မနစ်မွန်းစေရေးအတွက် “စစ်ကျွန်ပညာရေးစနစ် အလိုမရှိသပိတ်” တွင် ကျောင်းသားမိဘ တချို့ပင် ပါဝင်လာခဲ့ကြသည်။

စစ်ကြောရေးတွင် သေဆုံးသွားသူ ကိုအောင်ဘုန်းကျော်

စစ်ကြောရေး၌ သေဆုံးသည့် ကိုအောင်ဘုန်းကျော်အလောင်း မိသားစုကို အသိမပေးဘဲ သဂြိုဟ်

by ဧရာဝတီ
28 December 2021
10.8k

ကိုအောင်ဘုန်းကျော်အား စစ်ကောင်စီက ဒီဇင်ဘာလ ၂၆ ရက်တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် ဖမ်းဆီး ခဲ့ပြီး ရန်ကုန်မြို့ရှိ စစ်ကြောရေးတခုသို့ ခေါ်ဆောင်ကာ ၁ ရက်အကြာ ဒီဇင်ဘာလ၂၇ ရက်၌ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း

Next Post
ကမ္ဘာတဝှမ်းက ဆန်းဆန်းပြားပြား စားသောက်ဆိုင်များ

ကမ္ဘာတဝှမ်းက ဆန်းဆန်းပြားပြား စားသောက်ဆိုင်များ

မြန်မာနိုင်ငံမှာ ပြခွင့် မရှိတဲ့ ရုပ်ရှင်ဇာတ်ကားများ

မြန်မာနိုင်ငံအကြောင်း ရိုက်ထားပြီး မြန်မာနိုင်ငံမှာ ပြသခွင့် မရှိသော ဇာတ်ကားများ

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate