• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အပူချိန်မြင့်တတ်မှုကို အထူးဂရုစိုက်ရန် ဒေါက်တာ ထွန်းလွင် သတိပေး

by သဇင်လှိုင်
13 May 2019
in သတင်း
A A
မကြာခဏ မီးပျက်နေသည့် ရန်ကုန်မြို့တွင်လည်း အပူဒဏ်ခံနေရသည်   / ထက်ဝေ / ဧရာဝတီ

မကြာခဏ မီးပျက်နေသည့် ရန်ကုန်မြို့တွင်လည်း အပူဒဏ်ခံနေရသည် / ထက်ဝေ / ဧရာဝတီ

16.2k
VIEWS
Share on FacebookShare on Twitter

မုတ်သုံအဝင် နောက်ကျမှုကြောင့် မြန်မာတနိုင်ငံလုံးနီးပါးတွင် အပူချိန်များ မြင့်တက်လာနိုင်ပြီး အန္တရာယ်ရှိလောက်သည့် အပူချိန်ဖြစ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

ဒေါက်တာ ထွန်းလွင် က “မုတ်သုံက အဝင်နောက်ကျနေပြီး မုန်တိုင်းကလည်း ထပ်မဖြစ်သေးတာကြောင့် အပူချိန်မြင့်တက်မှုကို အထူးဂရုစိုက်ဖို့လိုအပ်နေပါတယ်” ဟု သတိပေးထားခြင်းဖြစ်သည်။

RelatedPosts

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
1k
အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
290
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
627

လာမည့် မေလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း နှင့် တနင်္သာရီတိုင်းတို့မှလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ်များတွင် အပူချိန်မြင့်တက်လာမည် ဖြစ်ကြောင်း မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင် က ခန့်မှန်းထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက တိုင်းနှင့်ပြည်နယ် အနှံ့တွင် လက်ရှိရှိနေသည့် အပူချိန်တိုင်းသာ ဆက်လက်မြင့်နေမည် ဖြစ်သော်လည်း အပူချိန်ထက်မံ တိုးလာနိုင်ခြေ မရှိကြောင်း ခန့်မှန်းထားသည်။

မိုး/ဇလ မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးလှထွန်း က “လက်ရှိလည်း ပူနေတယ် လာမယ့် ရက်တွေလည်း ပူနေဦးမယ်ပေါ့။ အလယ်ပိုင်း ဒေသတွေကတော့ အပူချိန်တွေ တိုးနေဦးမယ်။ တန်ဖိုးတွေ (ကိန်းဂဏန်း) တိုးလာတာကို ပြောတာမဟုတ်ဘူး။ မြင့်နေဦးမယ်ကို ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မုတ်သုံသည် မေလ ၁၈ ရက်တွင် မြန်မာနိုင်ငံတောင်ပိုင်း၊ ၂၄ ရက်နှင့် ၂၈ ရက်တွင် မြစ်ဝကျွန်းပေါ်ဒေသနှင့် ဇွန်လတွင် မြန်မာနိုင်ငံအလယ်ပိုင်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း မိုး/ဇလ မှ သိရသည်။

ဦးလှထွန်း က “ဇွန်လဆန်းမှာတော့ မြန်မာတနိုင်ငံလုံးကို မုတ်သုန် ဝင်ရောက်ပြီး ဖြစ်မယ်ပေါ့။ မုတ်သုန်နောက်ကျမယ် မုတ်သုန် စဝင်တဲ့ အချိန်မှာတော့ မုတ်သုန်လေ အားအသင့်အတင့် ရှိမယ်။ မိုးအသင့်အတင့် ရမယ်ပေါ့” ဟုဆိုသည်။

ထိုကဲ့သို့ မုတ်သုံ ရရှိသည့် ဒေသများတွင် အပူချိန်သည်လည်း တဖြည်းဖြည်းကျဆင်းလာနိုင်ကြောင်း မိုး/ဇလ မှ သိရသည်။

ထို့ပြင် အယ်နီညို ဖြစ်စဉ်သည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ဆက်လက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထူးခြားသည့် နေ့အပူချိန်များအဖြစ် မေလ ၁၁ ရက်နေ့၌ ဂန့်ဂေါတွင် ၄၇ ဒီဂရီ စင်တီဂရိတ်၊ မြင်းခြံတွင် ၄၆ ၊ ချောက်တွင် ၄၆ ၊ မုံရွာတွင် ၄၅ ၊ တောင်တွင်းကြီးတွင် ၄၄ ၊ မြင်းမူတွင် ၄၆ ၊ ညောင်ဦးတွင် ၄၆ ၊ ပေါက်တွင် ၄၆ ၊ ပခုက္ကူတွင် ၄၄ နှင့် မန္တလေးတွင် ၄၄ ဒီဂရီ စင်တီဂရိတ် အသီးသီး ရှိခဲ့ကြောင်း သိရသည်။

Your Thoughts …
Tags: ဒေါက်တာထွန်းလွင်မုတ်သုန်အပူချိန်မြင့်တက်မှု
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

ဗိုလ်မှူးကြီး စောချစ်သူ အပါ ၃ ဦးနဲ့ ချစ်လင်းမြိုင်ကုမ္ပဏီကို EU ဒဏ်ခတ် (ရုပ်/သံ)

ဗိုလ်မှူးကြီး စောချစ်သူ အပါ ၃ ဦးနဲ့ ချစ်လင်းမြိုင်ကုမ္ပဏီကို EU ဒဏ်ခတ် (ရုပ်/သံ)

by ဇော်မြတ်ခန့်
30 October 2024
311

ထိုင်း − မြန်မာနယ်စပ်မှာ အွန်လိုင်းငွေလိမ် လုပ်ငန်းတွေနဲ့ အကျိုးအမြတ်ရနေတဲ့ ချစ်လင်းမြိုင်ကမ္ပဏီနဲ့ ဒီကုမ္ပဏီကို တည်ထောင်သူ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူတို့ကို ဥရောပသမဂ္ဂက အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဒဏ်ပိတ်ဆို့ အရေးယူလိုက်ပါတယ်။

Next Post
ဖမ်းမိထားသည့် တရုတ်နိုင်ငံသားများ  / ရွှေတြိဂံသတင်းလွှာ

တာချီလိတ်တွင် တရားမဝင်နေထိုင်သူ တရုတ် ၁၈၈ ဦးနှင့် သေနတ် ၃ လက်ဖမ်းမိ

ဖမ်းဆီးရမိသည့် လှိုင်သာယာမြို့နယ်နေ စန်းဦး(ခ) ကျော်သက်ပိုင်  / Yangon police

ကိုရီယားသူကို အဓမ္မပြုကျင့်ရန် ကြံစည်သည့် ဆိုင်ကယ် ကယ်ရီသမား ဖမ်းမိ

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

5 days ago
3.3k

Most Read

  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate