ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့လယ်ရှိ City 2 ကုန်တိုက်ကြီးတွင် ယနေ့နံနက်ပိုင်းက ဗုံးလန့်မှုဖြစ်ပွားရာ ရဲများနှင့် ဗုံးကျွမ်း ကျင်သူများ၊ လုံခြုံရေးများက လာရောက်သည့် ဈေးဝယ်သူများကို ရွေ့ပြောင်းကာ ပိတ်ဆို့ရှာနေကြောင်း၊ အကြမ်းဖက်သမားဟု မသင်္ကာဖွယ်လူတဦးကို ဖမ်းဆီးလိုက်ပြီးနောက် ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် ချားလ်စ် မစ်ချယ်က အလွန်အရေးကြီးသည့် အခြေ အနေဖြစ်သည်ဟု ဆိုကြောင်း RTL ရုပ်မြင်သံကြားတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ်လအတွင်းက ဘရပ်ဆဲလ် လေဆိပ်နှင့် မြေအောက်ဘူတာရုံကို အစ္စလမ်မစ် အကြမ်းဖက်သမား တို့က တိုက်ခိုက်ခဲ့ရာ လူပေါင်း ဗုံးခွဲတိုက်ခိုက်မှုမှာ လူပေါင်း ၃၄ဦး သေဆုံးကာ ၂၃၀ဦး ဒဏ်ရာရရှိခဲ့သည်။