နိုင်ဂျီးရီးယား ကုန်တင်သင်္ဘောပေါ်မှ သစ်များအကြား ဖွက်ပြီးယူဆောင်လာတဲ့ တရားမဝင်ဆင်စွယ် ၄၄၆ ကီလိုဂရမ်(၉၈၁ပေါင်)ကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ ဆိပ်ကမ်းမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖမ်းဆီးရ မိခဲ့ကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့လကလည်း အာဖရိကမှ လာတဲ့ ကုန်သင်္ဘော ၃စီးမှ ဆင်စွယ်တန်ချိန် ၃.၅တန်ကို ဟိုချီမင်း ဆိပ်ကမ်းမှာ အလားတူဖမ်းဆီးခဲ့ပြီးနောက် ယခုတကြိမ်ထပ်မံဖမ်းဆီးရမိခြင်းဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံပိုင်သတင်းရဲ့ အဆိုအရ လက်ရှိ မှောင်ခိုဈေးကွက်မှာ ဆင်စွယ်၁ တန်ကို အမေရိကန် ဒေါ်လာ ၁.၈သန်းပေါက်ဈေးရှိကြောင်း သိရပြီး၊ ဆင်စွယ်ကို ရတနာပစ္စည်းတခုလို အိမ်တွင်းအလှ ဆင်ယင်မှုများ ပြုလုပ်ကြပါတယ်။
ယခုလအတွင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မတရားမဝင်တောရိုင်းတိရိစ္ဆာန်များ ရောင်းဝယ်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာညီလာခံတခု ကျင်းပဖို့ရှိနေပါတယ်။