အိန္ဒိယရေတပ်အနေဖြင့် မိုးလေဝသဆိုင်ရာ တိုင်းတာတွက်ချက်ရေး အထောက်အကူပစ္စည်းများ မြန်မာရေတပ် သို့ ပေးအပ်ရန် စီစဉ်နေပြီး၊ မြန်မာရေတပ်စစ်သည်များကိုလည်း လေ့ကျင်ပေးရန် စီစဉ်နေကြောင်း အိန္ဒိယ ရေတပ်ထုတ်ပြန် ချက်အရ သိရပါတယ်။
ထိုသို့ပေးအပ်ရန် အိန္ဒိယတွင် ရောက်ရှိနေသည့် မြန်မာရေတပ်ကိုယ်စားလှယ်အဖွဲ့က တောင်ပိုင်းရေ တပ်ဌာန ချုပ်ကို ကမ်းလှမ်းခဲ့ပြီးနောက် ထိုသို့ပေးအပ်ရန် စီစဉ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာရေတပ်ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယရေတပ်စခန်းတည်ရှိရာ ကိုချင်မြို့ကို ရောက်ရှိနေခြင်း ဖြစ်ပြီး၊ လေယာဉ်ပျံသန်းမှု လေ့ကျင်သည့် ပုံစံတူအခန်းနှင့် တခြားသောလေ့ကျင့်ရေးကျောင်းများ အပါအဝင် ရေကြောင်းတိုင်းတာရေး အဖွဲ့ စသည်တို့ကို လေ့လာနေသည်။
အိန္ဒိယရေတပ်သည် မြန်မာရေတပ်နှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် အမြဲ ရှေးရှု့ကြိုးစားနေကြောင်း၊ သင်တန်းတွေ၊ လက်နက်ပစ္စည်းများ၊ ရေကြောင်းပြမြေပုံရေးဆွဲ ရေး စတဲ့ အပိုင်းတွေမှာ အကူအညီပေးဖို့ ကြိုးစားနေတယ်လို့ လည်း ဖော်ပြပါတယ်။
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံတွေဟာ တရုတ်နဲ့ အနီးကပ်ဆက်ဆံပြပြီး အိန္ဒိယထံမှ အဆင့်မြင့်လက်နက်တွေရရှိဖို့ လုပ်ဆောင်နေပြီး၊ မြန်မာရေတပ် စွမ်းရည်မြှင်တင်ရေးကို အဓိက အခန်းကဏ္ဍကနေ ကူညီနေတဲ့ တရုတ်ရဲ့ လွှမ်းမိုးမှုကို တန်ပြန် တာဖြစ်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။
အိန္ဒိယအနေနဲ့လည်း တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ခြေဖျက်ဖို့ မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အလျင်အမြန်ပြုလုပ်နေပြီး၊ ဂိုအာသင်္ဘောကျင်းမှာ တည်ဆောက်တဲ့ သင်္ဘောပျက်စီးမှု ထိန်းချုပ်ရေး အဆင့်မြင့် စက်ခန်းတခု ပေးအပ်ခဲ့သလို၊ ကျန်စစ်သားနဲ့ အောင်ဇေယျ စစ်သင်္ဘောမှာ တတ်ဆင်ဖို့ Sensorကိုလည်း အိန္ဒိယက ဝယ်ယူခဲ့ပါတယ်။