သတင်းတို

အာရှဖလားခြေစစ်ပွဲ မြန်မာအမျိုးသမီးအသင်း ဆီးရီးယားကို ဂိုးပြတ် အနိုင်ယူ

AFC Women’s Asian Cup Jordan 2018 ခြေစစ်ပွဲ အုပ်စု (ဃ) အဖြစ် မြန်မာ့ လက်ရွေး စင် အမျိုးသမီးအသင်း နဲ့ ဆီးရီးယား လက်ရွေးစင်အမျိုးသမီးအသင်းတို့ ဒီကနေ့ ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့မှာ ယှဉ်ပြိုင်ကစားရာ မြန်မာအမျိုးသမီးအသင်းက ၁၄ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မြန်မာအမျိုးသမီးအသင်းအတွက် ဝင်းသိန်းထွန်းက ၅ဂိုး၊ ရီရီဦးကလည်း ၄ဂိုး၊ နော်ဝါဖောက ၃ဂိုး သွင်းယူပေးခဲ့သလို၊ ၊ ဝေဝေအောင်က ၁ဂိုး၊ ဖြူပွင်ခိုင်က ၁ဂိုး သွင်းယူခဲ့ပါတယ်။

မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းပါဝင်တဲ့ အုပ်စု(ဃ)မှာ အိမ်ရှင် ဗီယက်နမ်၊ အီရန်၊ ဆီးရီးယား၊ စင်ကာပူ တို့ ပါဝင်ပြီး၊ မြန်မာအသင်းဟာ အီရန်ကို ၂ဂိုး ဂိုးမရှိ နဲ့ အနိုင်ယူထားပြီးဖြစ်ပါတယ်။
အုပ်စုတွင်းက စင်ကာပူဟာ ဆီးရီးယား ၁ဂိုး ဂိုးမရှိနဲ့ဲ နိုင်ထားပါတယ်။

Loading