ကိုးကန့်ဒေသ တိုက်ပွဲအတွင်း ကြက်ခြေနီယာဉ်တန်း အပစ်ခတ်ခံရမှုတွင် ဒဏ်ရာရှိခဲ့ပြီး မန္တလေးဆေးရုံတွင် ဆေးကုသမှုခံနေသည့် ကြက်ခြေနီ ဒု အရာခံဗိုလ် ဦးမိုးကျော်သန်း (၄၅) နှစ်သည် မတ်လ ၂၇ ရက်နေ့က ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိသည်။ မတ်လ ၂၈ ရက်နေ့က မိသားစုရှိရာ ကွမ်လုံမြို့သို့ ပြန်လည် သယ်ဆောင်ခဲ့ပြီး မတ်လ ၂၉ ရက်တွင် သင်္ဂြိုဟ်ခဲ့သည်ဟု ကွမ်းလုံမြို့နယ်၊ ကြက်ခြေနီ စေတနာ့ဝန်ထမ်း မချစ်မီးက ဧရာဝတီသို့ ပြောသည်။ ကွယ်လွန်သွားသူ ဦးမိုးကျော်သန်းတွင် ဇနီးနှင့် ကလေး ၄ ယောက် ကျန်ခဲ့ကြောင်း၊ အကြီးဆုံးကလေးမှာ ၉ တန်းတက်ရောက်နေပြီး ကျန်ကလေးများလည်း ကျောင်းနေသည့်အရွယ်များဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကွယ်လွန်သွားသူ၏ မိသားစုအတွက် မြို့နယ်ကြက်ခြေနီ အဖွဲ့ဝင်များ၊ ဒေသခံ မြို့မိမြို့ဖများနှင့် လားရှိုးတိုင်းမှူး၏ လှူဒါန်းငွေ စုစုပေါင်း ၆၅ သိန်းရှိပြီး ဘဏ်စာရင်းဖွင့်ပေးထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။