မြောက်ကိုရီးယား ကင်ဂျုံအန်းအစိုးရက စစ်ဘက်အကြီးအကဲ တဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Ri Yong Gil ကို အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားပြုမုဖြင် ကွပ်မျက်လိုက်တယ် လို့ မြောက်ကိုရီးယား အရေးလေ့လာ နေတဲ့ အမည်မဖော်လိုသူ တောင်ကိုရီယား အစိုးရအရာရှိတဦးကို ကိုးကား၍ CNN သတင်းက ဖော်ပြပါတယ်။ ဗိုလ်ချုပ်ကြီး Ri Yong Gil ကို ပြီးခဲ့တဲ့ အပတ်ကမှ သေဒဏ်ပေးလိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဗိုလ်ချုပ်ကြီး Ri ဟာ ၂၀၁၃ ခုနှစ်ကမှ စစ်တပ်အကြီးအကဲအဖြစ် တာဝန်ပေးခံရသူဖြစ်ပါတယ်။
ပြီးခဲ့နှစ် မေလကလည်း ကာကွယ်ရေးဝန်ကြိး Hyon Yong-chol ကို နိုင်ငံတော်အပေါ် သစ္စာဖောက်မှုနဲ့ သေဒဏ်ပေးခဲ့ပြီး အတည်မပြုနိုင်တဲ့ သတင်းများအရ လေယာဉ်ပစ် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် ၂၀၁၃ ခုနှစ်ကလည်း သမ္မတ ကင်ဂျုံအန်းရဲ့ ဦးလေးတော်သူ Jang Song-thaek လည်း သစ္စာဖောက်ဖျက်မှုနဲ့ သေဒဏ်ပေးခံခဲ့ရပါတယ်။
မြောက်ကိုရီးယားဟာ နိုင်ငံတကာက တားမြစ်မှု ပြုလုပ်နေတဲ့ကြားက တာဝေးပစ်ဒုံးပျံ ပစ်လွှတ်မှု ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်လိုက်တဲ့အပြင် ဇန်နဝါရီလထဲကလည်း ဟိုက်ဒရိုဂျင်ဗုံး ဖောက်ခွဲ စမ်းသပ်လိုက်ပါသေးတယ်။
အဲဒီအတွက် နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှု ပြုလုပ်ခံရမှာဖြစ်တယ်လို့ သိရပါတယ်။