• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

မင်းသမီးတွေ လူရွှင်တော်လုပ်မယ့် မသန်စွမ်း ရန်ပုံငွေပွဲ ဝင်ကြေးအခမဲ့ ကပြမည်

by မစပ်စု
6 December 2013
in Lifestyle
A A
ဇာဂနာ, မသန်စွမ်းရန်ပုံငွေပွဲ, လူရွှင်တော်

မသန်စွမ်းသူတွေကို သာမန်လူတွေနဲ့ ခွဲခြားဆက်ဆံတာမျိုးမဟုတ်ဘဲ၊ တွဲလျက် အတူတူပါပဲဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်တဲ့ အနေနဲ့ မသန်စွမ်းသူများနဲ့ အတူ အဆိုတော်တွေ ဖြစ်ကြတဲ့ ကျားပေါက်၊ အိမ့်ချစ်၊ နီနီခင်ဇော်၊ ဘန်နီဖြိုးစတဲ့ အနုပညာရှင်တွေက စုံတွဲတေးသီချင်းတွေနဲ့ တွဲဖက် ဖျော်ဖြေတင်ဆက် ကြမှာ

5.9k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် အဆိုတော် မင်းသားက ဇာတ်မင်းသားလိုက၊ သရုပ်ဆောင် မင်းသမီးတွေက လူရွှင်တော်လိုလုပ်ပြီး လူရွှင်တော်တွေက မင်းသမီးလိုကပြမယ့် ဖျော်ဖြေပွဲတခုကို လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၇ နာရီအချိန် ရန်ကုန်မြို့ Junction Square ရှေ့ မျက်နှာစာ ကွင်းပြင်မှာ ကျင်းပပြုလုပ်မှာပါ။

ဒီဖျော်ဖြေပွဲကတော့ မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်း ကလေးငယ်တွေအတွက် ရန်ပုံငွေဖျော်ဖြေပွဲ တခု ဖြစ်ပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
540
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
236
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
778

“အခုလောလောဆယ်မှာ လိုအပ်နေတဲ့အရာက မသန်စွမ်း ကလေးငယ်တွေအတွက် ရန်ပုံငွေက အများဆုံး လိုအပ်နေတယ်။ အဲဒီအထဲမှာ အထူးသဖြင့် လိုအပ်တာက အကြားအာရုံ ချိုတဲ့သူနဲ့ အမြင်အာရုံချို့တဲ့တဲ့သူတွေအတွက် ငွေကြေးက တော်တော်လေး လိုအပ်တယ်။ အဲဒီအတွက်ကြောင့် ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ တိုင်ပင်ကြတဲ့အခါ ဘယ်လိုပဲဖြစ်ဖြစ် ဒါကို အလှူပွဲလုပ်မယ်။ ရသမျှ အကုန်လှူမယ်ဆိုတဲ့ အဖြေကိုရတယ်” လို့ ဒီပွဲကို စတင်စီစဉ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ပွဲစီစဉ်သူ လူရွှင်တော် သရုပ်ဆောင် ဇာဂနာက ဧရာဝတီကို ပြောပါတယ်။

“လက်မှတ်တွေ ရောင်းတဲ့ပွဲမျိုးတွေက အမျိုးသား ဇာတ်ရုံမှာလည်း ရှေ့မှာလုပ်ခဲ့ဖူးပြီးပြီလေ။ အဲဒီတော့ အရင်ဟာမျိုးနဲ့ မတူအောင် လုပ်ရအောင်ဆိုပြီး Junction Square ရှေ့က ကွက်လပ်အကျယ်ကြီးမှာ ဆိုရင် လူတိုင်းလည်း လာလို့ရတယ်။ လွယ်လွယ်လည်း ကြည့်လို့ရတယ်ဆိုပြီးတော့ လုပ်ဖြစ်တာ။ အဲဒီမှာ Free show လုပ်ပြီး ဘယ်သူ့ကိုမှ ပိုက်ဆံမကောက်ဘူး။ လက်မှတ်မရောင်းဘူး။ လာချင်တဲ့သူလာပဲ။ ဒါပေမယ့် မေတ္တာရပ်ခံထားတယ်။ ကြိုက်သလောက် လှူပါ။ ဘယ်လောက်လှူပါလို့ မသတ်မှတ်ထားဘူး။ ရှေ့မှာ အလှူခံပုံးလေး ချထားမယ်။ ကွင်းထဲကို ဝင်လာတဲ့သူမှန်သမျှ အဲဒီ အလှူခံပုံးထဲကို ကြိုက်သလောက် ထည့်ပေတော့။ အလှူခံပုံးထဲက ပိုက်ဆံမှန်သမျှကို ရန်ပုံငွေစီမံခန့်ခွဲရေးကို အကုန်အပ်လိုက်မှာပဲ” လို့ ရန်ပုံငွေအလှူခံ ကောက်ခံရေးနဲ့ ပတ်သတ်ပြီး စီစဉ်သူ ဇာဂနာက ဧရာဝတီကိုပြောပါတယ်။

အခု လက်ရှိအချိန်အထိ အဆိုပါ မသန်စွမ်း ကလေးငယ်များရန်ပုံငွေအဖြစ် လှူဒါန်းဖို့ရန် စာရင်းပေးသွင်းထားတာ ကျပ်သိန်းတထောင်ကျော် ရရှိထားပြီးဖြစ်ကြောင်းနဲ့ အဲဒီဖျော်ဖြေပွဲနေ့မှာ လာရောက်လှူဒါန်းတာတွေ ကိုလည်း ငွေပဒေသာပင် အဖြစ် အဲဒီရက်ညမှာပဲ လှူဒါန်းမယ်လို့ သိရပါတယ်။

ပွဲပြီးဆုံးပြီး နောက်ပိုင်းအချိန်တွေမှာ လှူဒါန်းချင်တယ်ဆိုရင်လည်း အဆိုပါ ပဒေသာပင်ထဲကို ထည့်ဝင်နိုင်ဖို့ ဘဏ်ငွေ အကောင့်နံပါတ် ဘယ်လောက်ဆိုတာကို ရုပ်မြင်သံကြားမှာ ကြော်ညာနေပြီဖြစ်ကြောင်းလည်း ဦးဇာဂနာက ဆက်ပြော ပါတယ်။

မသန်စွမ်း ကလေးငယ်တွေအတွက် ရန်ပုံငွေဖျော်ဖြေပွဲ အစီအစဉ်ကို နှစ်ပိုင်း သတ်မှတ်ထားပြီး ပထမပိုင်းမှာတော့ မသန်စွမ်းသူတွေကို သာမန်လူတွေနဲ့ ခွဲခြားဆက်ဆံတာမျိုးမဟုတ်ဘဲ၊ တွဲလျက် အတူတူပါပဲဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်တဲ့ အနေနဲ့ မသန်စွမ်းသူများနဲ့အတူ အဆိုတော်တွေ ဖြစ်ကြတဲ့ ကျားပေါက်၊ အိမ့်ချစ်၊ နီနီခင်ဇော်၊ ဘန်နီဖြိုးစတဲ့ အနုပညာရှင်တွေက စုံတွဲတေးသီချင်းတွေနဲ့ တွဲဖက် ဖျော်ဖြေတင်ဆက် ကြမှာပါ။

ဒုတိယပိုင်း အစီအစဉ်အနေနဲ့ နှစ်ပါးခွင်နဲ့ ကပြဖြေဖျော် ကြမှာဖြစ်ပြီး နှစ်ပါးခွင်မင်းသားအဖြစ် သရုပ်ဆောင် အဆိုတော် ထွန်းထွန်း (Examplez) နဲ့အတူ တွဲဖက်ကပြမယ့် မင်းသမီးတွေအဖြစ် မြန်မာပြည်စတား လူရွှင်တော်အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ချက်ကြီး၊ ဖိုးသဲ၊ စံလင်း၊ ယုန်လေး၊ ချစ်စု တို့အပါအဝင် သီးလေးသီး အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ စိန်သီး၊ ကြယ်သီး၊ ဆီးသီးတို့က မင်းသမီးတွေလို ဝတ်ဆင် ကပြဖျော်ဖြေကြမှာပါ။ နှစ်ပါးခွင်ရဲ့ လူရွှင်တော်တွေ အဖြစ်ကတော့ သရုပ်ဆောင် မင်းသမီးတွေ ဖြစ်ကြတဲ့ လင်းဇာနည်ဇော်၊ ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ အေးမြတ်သူ၊ ရွှေမှုန်ရတီ၊ အိချောပိုတို့က လူရွှင်တော်တွေ အနေနဲ့ ဟာသပြက်လုံးတွေကို ထူးထူးခြားခြား တင်ဆက်သွားမယ် လို့လည်း သိရပါတယ်။

မင်းသားအဖြစ် ကပြဖျော်ဖြေမယ့် ထွန်းထွန်း (Examplez) က တေးသီချင်းတွေကို ကိုယ်တိုင်သီဆိုပြီး ကပြဖျော်ဖြေမှာဖြစ်ပြီး တေးသီချင်းပေါင်း ၇ ပုဒ် ပါဝင်မှာဖြစ်ပါတယ်။ အကတွေကို မင်းသမီး ချောစုမျိုးက သင်ကြားပေးထားပြီး ပြက်လုံးခွင်တွေနဲ့ တေးသီချင်းတွေကိုတော့ ဇာဂနာနဲ့ အရိုင်းတို့က ဖန်တီးပေးထားတယ်လို့ သိရပါတယ်။ လူရွှင်တော် အစစ်တွေ မဟုတ်ကြတဲ့ မင်းသမီး သရုပ်ဆောင်တွေရဲ့ ပြက်လုံးခွင်နဲ့ ပတ်သက်လို့ ပြက်လုံး အသစ်တွေကိုသာ ဖန်တီးထားပြီး ညစ်ညမ်းတဲ့ ပြက်လုံးမျိုး မပါဝင်ဘဲ သရုပ်ဆောင် မင်းသမီးတွေရဲ့ ကြိုးစား အားထုတ်မှုကြောင့် ပရိသတ်ကြိုက်မယ်လို့ ယုံကြည်ကြောင်း ဦးဇာဂနာက ပြောပါတယ်။

အခုလို သရုပ်ဆောင် မင်းသားက ဇာတ်မင်းသားအဖြစ် ကပြ၊ လူရွှင်တော်အစစ်တွေက မင်းသမီးအဖြစ် တင်ဆက်ပြီး မင်းသမီး သရုပ်ဆောင်တွေက လူရွှင်တော်လို ဖျော်ဖြေကြမယ့် အပေါ် ဇာဂနာက “ဒါကို တချို့ကတော့ ပြောမှာပဲ။ သူတို့က ကတတ်လို့လားတို့၊ ဆိုတတ်လို့လားတို့ လူရွှင်တော် လုပ်တတ်လို့လားတို့ ပြောမှာပဲလေ။ တကယ်တမ်းတော့ အဲဒီလို မဟုတ်ပါဘူး။ နောက် ဒီမင်းသမီးတွေ မင်းသားတွေကလည်း နောက်နောင် ဒီလိုကပါ ဆိုလည်း လိုက်ကချင်မှ ကနိုင်မှာလေ။ သူတို့က သူတို့ အလုပ်နဲ့သူတို့ ရှုပ်နေကြတဲ့သူတွေ၊ အဲဒီတော့ တခါတလေလောက် ကရတဲ့အခါမျိုးမှာ နည်းနည်းလေး ဆန်းလိုက်တဲ့ သဘောပေါ့။ ဒါက ပရိသတ်ကို ဖျော်ဖြေရေး ပုံစံတခုပြချင်လို့။ နောက်ပြီး ဒါမျိုးက အမြဲတစေ လုပ်မှာမဟုတ်ဘဲ တခါတလေ လုပ်တာလေ။ တခါတလေ ဆိုတာကလည်း ဒီလိုမျိုး အလှူခံပွဲမျိုးမှပဲ ကောင်းမှာပေါ့။ ဒါကြီးကို ကမ္ဘာပတ်ပြီး ဖျော်ဖြေဖို့လည်း အစီအစဉ်မရှိဘူးလေ။  နောက် ဒီလိုမျိုး စမ်းသပ်မှုတခု လုပ်လိုက်ရင် ကြည့်ရတဲ့ ပရိသတ်လည်း တန်တာပေါ့။ မြင်နေကျအတိုင်းလို မကြည့်ရတော့ဘူးပေါ့” လို့  ပွဲရဲ့ အိုင်ဒီယာအပေါ် သူ့သဘောထားကို ဆိုပါတယ်။

လူရွှင်တော်အဖြစ် ကပြဖျော်ဖြေမယ့် သရုပ်ဆောင် လင်းဇာနည်ဇော်က ဒါဟာ သူရဲ့ ဒုတိယအကြိမ်မြောက် လူရွှင်တော်လို ဖျော်ဖြေ တင်ဆက်ရခြင်းဖြစ်ကာ အခုလို အထူးအဆန်းမျိုးတွေ လုပ်ရတဲ့အပေါ် ကျေနပ်အားရတယ်လို့လည်း ဆိုပါတယ်။

“ကောင်းပါတယ်။ အခုဆိုရင် ရန်ပုံငွေပွဲတွေဆိုပြီးတော့ ပရဟိတပွဲတွေ တော်တော်များများ လုပ်လာကြတယ်ပေါ့။ အဲဒီအတွက်လည်း အရမ်းကောင်းပါတယ်။ ကျမလည်း တတ်နိုင်သလောက် ကိုယ့်အနုပညာ လုပ်အားနဲ့ ဒီလို ပရဟိတ ပွဲလေးတွေမှာ ပါဖြစ်ပါတယ်။ ကျမတို့က မင်းသမီးတွေလည်း ဖြစ်နေတော့ လူရွှင်တော်ပြက်လုံးနဲ့က သပ်သပ်စီပါပဲ။ ဒါပေမယ့် ကျမအစ်မ မချစ် (ချစ်ချစ်ဇော်) က ငယ်ငယ်ကတည်းက အငြိမ့်ကတယ်လေ။ အဲဒီတော့ သူအငြိမ့်ကရင် လူရွှင်တော်တွေ ပြက်တဲ့ပြက်လုံးကို လိုက်လိုက်မှတ်နေတော့ ပြက်လုံးတွေနဲ့ မစိမ်းဘူးဆိုပေမယ့် အလုပ်နဲ့ကျတော့ စိမ်းပါတယ်။ အဲဒါကြောင့် တော်တော်တော့ ကြိုးစားယူရပါတယ်။ ပြီးတော့ ကျမက မင်းသမီးသာ လုပ်နေတာ နဂိုကတည်းက ရှက်တတ်တာလေ။ လူရွှင်တော် လုပ်ရတော့ ပိုဆိုးတယ်။ လူရွှင်တော်ဆိုတာ မရှက်တတ်မှ ဖြစ်မှာ” လို့ လင်းဇာနည်ဇော်က ပြောပါတယ်။

Your Thoughts …
Tags: EntertainEntertainment
မစပ်စု

မစပ်စု

ဧရာဝတီ

Similar Picks:

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.5k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

by နဒီထိုက်
15 July 2013
15.1k

သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.4k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

by သုရီလင်း
28 October 2014
10k

ချမ်းသာတဲ့သူ ကြိုက်မှ စီးပွားရေး လုပ်ရတာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အခုလာရင် အခု တောင်းလို့ ရတယ်၊ ဒေါ်အောင်ဆန်းစုကြည် သမီးတို့ ခြံနဲ့ဝိုင်းနဲ့ နေချင်တယ်၊ သူများ ခြံနဲ့ဝိုင်းနဲ့လည်း မနေချင်ဘူး” လို့ ပြောဖို့ မအေးကောင်းက...

တုမ်ယမ်ချဉ်စပ်, ဟင်းချက်နည်း

တုမ်ယမ် ဟင်းရည် ချက်ကြည့်ရအောင်

by ဝင်းနိုင်သိန်း
12 July 2014
31.9k

တုမ်ယမ် ဟင်းရည်ဟာ ကမ္ဘာတလွှား နာမည် ကျော်ကြား လာတာနဲ့ အမျှ ဆန်းသစ် တီထွင်သူတွေ အပေါ် မူတည်ပြီး အရသာ၊ အနံ့ အမျိုးမျိုး ပြောင်းလဲ သွားပါတယ် ...။ အခြေခံဖြစ်တဲ့ တုမ်ယမ် အနှစ်၊...

လေးဖြူ, ဒိုင်ယာရီ, Rock, Online, Modern Rock, Music, Creed,

လေးဖြူရဲ့ ဒိုင်ယာရီ

by ကိုမျိုး (IR)
14 February 2015
7.1k

“ကောင်းကင်ထဲ ကြိုးပြတ်သွားတဲ့ … စက္ကူစွန်လေး ဖြစ်လိုက်ချင်လည်း … နှောင်ကြိုးများ ဖမ်းဆုပ်ခဲ့ … ပြာနှမ်းနေတဲ့ အဆိပ်သုတ်ထားတဲ့ ပန်းတွေ … ငါနမ်းရှိုက်တပ်မက်ဆဲ … အသိကန်းတဲ့ အတွေးစိတ်နဲ့” ဆိုတဲ့ အားကောင်းတဲ့ စကားလုံးတွေနဲ့...

Next Post
အာကစား, ဆီးဂိမ်း, ဘောလုံးပွဲ

အိမ်ရှင် မြန်မာအသင်းကို မကြောက်ဘူးလို့ ပြိုင်ဘက်အသင်းတွေပြော

ခင်ဝင့်ဝါ, မျက်ကြည်လွှာ, ပရဟိတ

ကမ္ဘာ့အလှဆုံးမယ် ၁၀၀ စာရင်းမှာ ခင်ဝင့်ဝါ ဖော်ပြခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate