MOVE ကျန်းမာရေးနှင့် အားကစားစင်တာဖွင့်ပွဲပါတီ အခမ်းအနားကို ယခုလ (၁၅) ရက်နေ့က ရန်ကုန်မြို့၊ ကုန်သည်လမ်းနဲ့ (၃၁) လမ်းထောင့်မှာရှိတဲ့ MOVE အားကစားခန်းမမှာ ကျင်းပခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားမှာ MOVE မှ အသစ် ခန့်အပ်ထားတဲ့ သင်တန်းနည်းပြ (၂) ဦးနဲ့ မိတ်ဆက်ခဲ့ပြီး ထိုင်းနိုင်ငံမှ အားကစားနဲ့ ကျန်းမာရေးနယ်ပယ်မှာ လုပ်သက် (၁၅) နှစ်ရှိပြီးဖြစ်တဲ့ Nam Keang ကို MOVE ရဲ့ အကြီးတန်း အတိုင်ပင်ခံတဦးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
Nam Keang က ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံများ အပါအဝင် အာရှနိုင်ငံများမှာ အောင်မြင်တဲ့ အားကစား ခန်းမ များနဲ့ ကျန်းမာရေးစင်တာများကို ဖွင့်လှစ်ဆောင်ရွက်ခဲ့သူ တဦး ဖြစ်ပါတယ်။ သူနဲ့ အတူ MOVE မှာ အကောင်းဆုံး နည်းပြတဦးဖြစ်သူ Kero ကတော့ ဒီနယ်ပယ်မှာ ကျွမ်းကျင်တဲ့ ဝါရင့်သင်တန်း နည်းပြတွေကို သင်ကြား လေ့ကျင့်ပေးနေသူတဦး ဖြစ်ပါတယ်။
“MOVE မှာ လေ့ကျင့် ရတာ သဘောကျလို့ လာနိုင်တဲ့အချိန်တိုင်း ဒီကိုလာ လေ့ကျင့်ဖြစ်ပါတယ်။ ဒီနေရာက သွားလာရတာ အဆင်ပြေပြီး စိတ်ထဲမှာလည်း သက်သောင့်သက်သာရှိလို့ အားကစား လုပ်ရတာ အဆင်ပြေ ပါတယ်။ အားကစားကို ပုံမှန်လုပ်တာ ကျန်းမာတဲ့ နေထိုင်မှုပုံစံကိုလည်း ထိန်းသိမ်းရာ ရောက်ပါတယ်” လို့ MOVE အားကစားစင်တာရဲ့ Brand Ambassador ဖြစ်သူ မော်ဒယ်လ် ချီလီက ဆိုပါတယ်။
ယခု တရားဝင် ဖွင့်လှစ်လိုက်တဲ့ MOVE အားကစားစင်တာမှာ အသင်းဝင်များအတွက် တဦးချင်း လေ့ကျင့် သင်ကြားမှုများသာ မကဘဲ အဖွဲ့လိုက် သင်ကြားမှုတွေဖြစ်တဲ့ Les Mills သင်တန်းများ၊ ယောဂ၊ အက သင်တန်းနဲ့ Zumba စတဲ့ သင်တန်းတွေကို နိုင်ငံတကာအဆင့်မီ အားကစား လေ့ကျင့် ပစ္စည်းတွေနဲ့ လေ့ကျင့်နိုင်မှာပဲ ဖြစ်ပါတယ်။
“MOVE မှာ လာကစားသူတွေရဲ့ ရည်မှန်းချက်က ဝိတ်ကျချင်တာပဲဖြစ်ဖြစ်၊ ကြွက်သားတွေနဲ့ ကြံ့ခိုင် ချင်တာပဲ ဖြစ်ဖြစ်၊ အားကစားသမား တဦးဖြစ်ချင်တာပဲ ဖြစ်ဖြစ်၊ ကျန်းမာတဲ့ လူနေမှု ဘဝပုံစံ တခုကို တည်ဆောက် ချင်တာပဲ ဖြစ်ဖြစ် MOVE က သူတို့ တဦးချင်စီနဲ့ ကိုက်ညီတဲ့ လေ့ကျင့်ခန်းတွေကို အချိန်ဇယားတွေနဲ့ ပြင်ဆင် ပေးသွားမှာပါ” လို့ MOVE အားကစားခန်းမရဲ့ အကြီးတန်းတိုင်ပင်ခံ Nam Keang က ပြောပါတယ်။
နိုင်ငံတကာအဆင့်မီ Move အားကစားစင်တာ ရန်ကုန်တွင်ဖွင့်မည်