လူတိုင်း ချမ်းသာချင်တယ်၊ လူတိုင်း အောင်မြင်မှုကို လိုချင်တယ်၊ လူတိုင်းလည်း အနည်းနဲ့ အများတော့ ကြိုးစားနေကြတာ မှန်ပေမယ့် လူတိုင်းရော အောင်မြင်ပါရဲ့လား။ ချမ်းသာပါရဲ့လား။ ဒီတော့ သန်းကြွယ် သူဌေးတွေက ဘယ်လို နေထိုင် ကျင့်ကြံကြပါသလဲ။ သင့် အနေနဲ့ အောင်မြင်ချမ်းသာသူ တယောက် ဖြစ်ချင်ရင်တော့ အခုပြောမယ့် အချက်တွေ သင်မှာ ရှိနေရင် ပြင်လိုက်တာ၊ ဆက်မလုပ်တာ အကောင်းဆုံးပါ။
(၁) ဖုန်းအသုံးပြုချိန်လျော့ပါ ။ ။ သန်းကြွယ်သူဌေး အများစုဟာ ဖုန်းအသုံးပြုချိန် သိပ်မရှိကြပါဘူး။ ဖုန်းအသုံးပြုချိန် အကြာကြီး မရှိဘူးလို့ ဆိုတာထက် ဖုန်းနဲ့ပဲ အချိန်ကုန်မခံတာ လို့ ဆိုရမှာပါ။ သိတဲ့ အတိုင်း အခုခေတ်မှာ ဖုန်းတွေဟာ လူတွေရဲ့ အချိန်တွေကို အလဟဿ ကုန်ဆုံးစေတဲ့ အရာတခု ဖြစ်လာသလို ငွေကိုလည်း အချူခံနေရပါတယ်။
အများစုသော အောင်မြင်သူတွေက ဖုန်းကို အသံပိတ် (Silent) ချထားတတ်သလို ဖုန်းကိုလည်း လိုအပ်တယ် ထင်မှ စစ်လေ့ရှိတယ် လို့ ဆိုပါတယ်။ စာတိုပေးပိုု့မှုနဲ့ Gmail အဝင်စစ်ဆေးမှုလောက်တွေ၊ ဖုန်းခေါ်ဆိုမှုတွေ အတွက်ပဲ သုံုးပြီး လူမှုကွန်ရက် သုံးတာတွေ၊ ဂိမ်းကစားတာတွေမှာ ချိန်တွေလည်း မပေး ငွေလည်း မပေးကြပါဘူး။
အများစုသော အောင်မြင်မှု နည်းပါးသူတွေဟာ ဖုန်းနဲ့ပဲ အချိန်ကုန်လေ့ရှိတယ် လို့လည်း လေ့လာမှု စစ်တမ်းတွေက ဆိုပါတယ်။
(၂) အပျော်အပါးလျှော့ပါ ။ ။ အောင်မြင်သူတွေရဲ့ အမူအကျင့်က သတင်း တပတ်ကို ပျော်ပွဲရွှင်ပွဲ ဖိတ်ကြား၊ တက်ရောက်ဖို့ လိုအပ်ရင်တောင် တပွဲထက် ပိုမတတ်ဘူး လို့ ဆိုပါတယ်။ သူတို့က ဖိတ်ကြားခံရတဲ့၊ သွားဖို့ လာခေါ်တဲ့ ပွဲ အတွက် တက်မယ် ဆိုရင် ဘယ်လို ကောင်းကျိုး၊ ဆိုးကျိုးရှိမလဲ ဆိုတာကို စဉ်းစားပြီးမှ တက်ရောက်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။
တကယ်လို့ မဖြစ်မနေ တက်ရောက်ရမယ့် ပွဲဆိုရင်လည်း မျက်နှာပြရုံပဲ တက်ရောက်ပေးပြီး အချိန်သိပ်မပေးဘူးလို့ ဆိုပါတယ်။ လူပိန်းတွေကတော့ ဘယ်လို ပျော်ပွဲ ရွှင်ပွဲတွေ ရှိနေသလဲ၊ ဒီတပွဲပြီးရင် ဘယ်ပွဲကို ဆက်သွားမလဲ ဆိုတာပဲ စဉ်းစားလေ့ ရှိတယ်လို့ ဆိုပါတယ်။ ဘဝမှာ အောင်မြင်သူ ဖြစ်ဖို့ အတွက် အောင်မြင်မှုကို မေ့လျော့စေတဲ့ အပျော်အပါးကို လျှော့ကြမယ်လေ။
(၃) အောင်မြင်သူလို့ သတ်မှတ်ခံရဖို့ မကြိုးစားပါနဲ့၊ အောင်မြင်သူတွေကို အတုယူပါ ။ ။ ဒီခေတ်ထဲမှာ သန်းကြွယ် သူဌေးတွေက သူတို့ကို ဘယ်လောက်ထိ ချမ်းသာသူ၊ ဘယ်လောက်ထိ အောင်မြင် ကျော်ကြားသူ အဖြစ် အများ သတ်မှတ်ခံရဖို့ မလုပ်ကြဘဲ အချိန်ရှိသရွေ့ အောင်မြင်မှုကို ရှာဖွေနေသလို အဆင့်တခု၊ ချမ်းသာကြွယ်ဝမှု တခုု ရရှိလာ ချိန်မှာလည်း သူ့တိုု့ထက် သာလွန်တဲ့ သူတွေရဲ့ အကျင့်တွေ အတိုင်း နေထိုင်တယ်လို့ သိရပါတယ်။
နာမည်ရရုံု၊ ကျော်ကြားရုံ အတွက် မလုပ်ဘူးလိုု့ ဆိုပါတယ်။ ဒါပေမယ့် မအောင်မြင်သူတွေ ကတော့ အောင်မြင်မှု၊ ချမ်းသာမှုကို အလွယ်ဖြတ်လမ်းက လိုက်ချင်တယ်၊ နာမည်ကြီးမှုကို လိုုလားတယ်၊ ကိုယ်တိုင် အားစိုက်မှု နည်းတယ် လို့ ဆိုပါတယ်။ ဘယ်အရာမှာ အလကား မရပါ။ သင်လိုချင်တဲ့ အောင်မြင်မှု အတွက် သင် ကိုယ်တိုင် အားစိုက် ကြိုးစားပါ။ ရောက်တဲ့ အဆင့်၊ နေရာမှာ ပျော်မနေဘဲ… ကျေနပ်မနေဘဲ နောက်ထပ် တဆင့် အောင်မြင်မှုတွေ ရရှိအောင် ဆက်လက် ကြိုးစားဖို့ လိုုအပ်ပါတယ်။
(၄) စိန်ခေါ်မှုတွေကို ရင်ဆိုင်ပါ ။ ။ သင့် အနေနဲ့ အောင်မြင်ချင်တယ်၊ ချမ်းသာချင်တယ် ဆိုပြီး အလုပ် တခုတည်း လုပ်နေရုံနဲ့ ရပါမလား၊ ဒါမှမဟုတ် အသေးစား လုပ်ငန်းတခုတည်းနဲ့တင် သန်းကြွယ်သူဌေး ဖြစ်ပါ့မလား။ နောက်ထပ် လုပ်ငန်းတွေ တိုးချဲ့ လုပ်ကိုင်ဖို့၊ လုပ်ငန်းအသစ်တွေ လုပ်ကိုင်ဖို့ ဆိုတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပါ။ တိုးချဲ့ပါ။
အောင်မြင်အောင် လုပ်ကိုင်ပါ။ ကိုယ်စွမ်းကိုယ်စနဲ့ ကိုယ်ပိုုင် စိတ်ကူးကို ပုံဖော်ပါ။ နေထိုင်လုပ်ကိုင်ပုံကို ကိုယ့်ထက် မြင့်မားသူဆီက နမူနာ ရယူပြီး အဆိုပါ နေထိုင် လုပ်ကိုင်ပုံထက် ပိုကောင်းမယ့် လုပ်ငန်း၊ ပုံစံကို အကောင်အထည်ဖော်ပါ။ တိုးချဲ့ဖို့၊ စိုက်ထုတ်ဖို့ မကြောက်ပါနဲ့။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖိုု့ ပြင်ဆင်ကြိုးစားပါ။
(၅) အပေါင်းအသင်းမှန်ပါစေ ။ ။ ခေတ်ထဲက အောင်မြင်သူတွေမှာ သူတို့ ယုံကြည်ရတဲ့ လူယုံ ၅ ယောက်လောက် ထားတတ်ပါတယ်။ ဒီလူတွေကလည်း စိတ်ချရသူ၊ ပညာရှိသူ၊ အကြံကောင်း ပေးနိုင်သူတွေမျိုးပါ။ အထူးသဖြင့်တော့ သင့်အကျိုးကို လိုလားသူတွေပေါ့။
ဘယ်လို ပညာတွေ သင်ဖို့၊ ဘယ်လို အလုပ်တွေ လုပ်ဖို့၊ ဘယ်လို အောင်မြင်အောင် ကြိုးစားရင် ဖြစ်မယ် ဆိုတဲ့ အကောင်းမြင် ဝါဒ ရှိသူတွေပါ။ သူတို့လို လူမျိုးတွေကို လူယုံ အဖြစ် ထားပါ။ အပေါင်းအသင်းမှန်ပါစေ။ ပြီးစလွယ် နေသူတွေကတော့ ဒီလို လူယုံထားမှု မရှိတတ်ကြပါဘူး၊ လူယုံ ထားရကောင်းမှန်းလည်း သိပ်မသိကြဘူး သုတေသန တွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။ အပေါင်းအသင်းလည်း မှန်ကန်အောင် မပေါင်းတတ်သလို အလုပ်၊ ဖန်တီးမှုတွေကို ပြီးစလွယ်ပဲ လုပ်ကိုင်တတ်သူ၊ ဘေးလူနဲ့ တိုင်ပင်မှု၊ ဝေဖန်ဆင်ခြင်မှု နည်းသူတွေဟာ အောင်မြင်သူ ဖြစ်ဖို့ မလွယ်ကူကြတာ တွေ့ရပါတယ်။
Ref: www.businessinsider.com