ကျောင်းတက်မမှန်ဘဲ ဘွဲ့ရခဲ့တဲ့ ကိုရီးယားအနုပညာရှင်တွေရဲ့ ဘွဲ့လက်မှတ်တွေကို ပြန်သိမ်း
နာမည်ကျော် Kpop အဆိုတော်အဖွဲ့ CNBLUE မှ Jung Yonghwa ဟာ Kyunghee တက္ကသိုလ်မှာ တက်ရောက်မယ့် မဟာဘွဲ့အတွက် ဝင်ခွင့်နဲ့ပတ်သက်လို့ မျက်နှာပေးခံခဲ့ရတဲ့အကြောင်း သံသယဖြစ်ခံခဲ့ရတဲ့ အချိန်ကနေစလို့ တောင်ကိုရီးယား ပညာရေးဝန်ကြီးဌာနဟာ အဲဒီလိုမျိုး မသမာမှုတွေရှိနေနိုင်တဲ့ အခြားတက္ကသိုလ်တွေမှာလည်း စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
My Daily မီဒီယာရဲ့ အဆိုအရ Dongshin တက္ကသိုလ်နဲ့ Busan Kyungsang တက္ကသိုလ်တို့မှာ ကျောင်းအပ်ခဲ့ကြတဲ့ ကျောင်းတွေကို မျက်နှာသာပေး ဆက်ဆံခံရတာရှိ မရှိ ဆွေးနွေးဖို့ အစည်းအဝေးတခုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Dongshin တက္ကသိုလ်ကနေ အထူးမျက်နှာပေး ဆက်ဆံခံရတယ်လို့ ဖော်ထုတ်တွေ့ရှိတဲ့ နာမည်ကျော်ကြားသူတွေထဲမှာဆိုရင် Highlight အဖွဲ့ဝင် Gi Kwang ၊ Doo Joon နဲ့ Jun Hyung ၊ BTOB အဖွဲ့ဝင် Eun Kwang နဲ့ Sung Jae တို့အပြင်အဆိုတော်တွေ ဖြစ်တဲ့ Jang Hyun Seung နဲ့ Chu Ga Yeoul တို့ပါဝင်ကြပါတယ်။
အဲဒီ နာမည်ကျော်စတားတွေဟာ အတန်းတွေ ပျက်ခဲ့တာတောတောင် ဘွဲ့လက်မှတ် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းသားတွေဟာ ဘွဲ့တခုရဖို့အတွက် အနည်းဆုံး ကျောင်းတက်ချိန် သတ်မှတ်ချက်ကို ရောက်ရှိရမှာ ဖြစ်ပါတယ်။
ရိုက်ကွင်း အချိန်ဇယားတွေ၊ ဖျော်ဖြေပွဲတွေနဲ့ အခြား အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပျက်ခဲ့ကြပေမယ့် သက်ဆိုင်ရာ တက္ကသိုလ်တွေက အဲဒီ ပျက်ကွက်ခဲ့တဲ့အချိန်တွေကို ကိုယ်စားဖြည့်ပေးထားတာကိုလည်း တက္ကသိုလ်တွေက ဝန်ခံခဲ့ကြပါတယ်။
အဲဒီကိစ္စကို ပညာရေးဝန်ကြီးဌာနက စုံစမ်းထားခဲ့ပြီး အရည်အချင်း မပြည့်မီဘဲ ဘွဲ့ရရှိခဲ့သူတွေရဲ့ ဘွဲ့လက်မှတ်တွေကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။
အဆိုတော် Ga Yeoul ဟာဆိုရင် လိုအပ်တဲ့ အရည်အချင်း သတ်မှတ်ချက် မရှိဘဲနဲ့တောင် အသုံးချဂီတဌာနမှ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းနေပြီး ရုပ်သံထုတ်လွှင့်မှုနဲ့ ဖျော်ဖြေရးဌာနမှာလည်း ဘွဲ့ကြိုကျောင်းသား တယောက်အနေနဲ့ အတန်းတက်ခဲ့ပါသေးတယ်။
ဧည့်ပါမောက္ခအနေနဲ့ရော ကျောင်းသားအနေနဲ့ရော သင်ခန်းစာတွေကို ပျက်ကွက်ခဲ့တဲ့အတွက် သူဟာ သူ့ရဲ့ ဘွဲ့ကြိုသင်ခန်းစာတွေအားလုံးကို တက်ရောက် သက်ကြားနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
Dongshin တက္ကသိုလ်မှ တာဝန်ရှိသူတဦးက “ကျနော်တို့ဟာ ကျောင်း စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ သင်ရိုးပြီးမြောက်ကြောင်း မှတ်တမ်းနဲ့ ဘွဲ့တို့ကိုပေးအပ်ပါတယ်။ ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းတွေမှာ လိုအပ်ချက်ရှိသူ တချို့ရှိနေတာကို ကျနော်တို့ သိရှိထားပါတယ်။ ဖြစ်နိုင်ရင် ဘွဲ့ရရှိသူတွေကို ကာကွယ်ဖို့ သင်ရိုးပြီးဆုံးကြောင်းမှတ်တမ်းနဲ့ ဘွဲ့တွေကို ရထားတဲ့သူတွေအပေါ် အရေးယူဆောင်လုပ်မှုတွေကို သုံးသပ်မှာပါ။ စည်းကမ်းတွေလိုက်နာခြင်းရှိ၊ မရှိကျောင်းက စစ်ဆေးမှာပါ” လို့ ပြောဆိုထားပါတယ်။
Ref:asiaone