ဘဝမှာ မဖြစ်မနေ ခရီးသွားသင့်တဲ့ နေရာတွေ အများကြီးရှိပါတယ်။ အားလပ်ရက်ခရီးတွေ သွားပြီးရင်တောင်မှ မပြန်ချင်လောက်အောင် သင့်ကို ဆွဲဆောင်ထားတဲ့ ဟိုတယ်တွေလည်း ရှိမှာပါ။ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ သတ်မှတ်ချက်အရ အမြဲ နေခွင့်ရရင် ကောင်းမယ်လို့ သူတို့ဆုတောင်းမိတဲ့ ဟိုတယ်တွေရဲ့ အလှအပအကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Ice Hotel ( ဆွီဒင်)
နာမည်ကိုကြားတာနဲ့ စိတ်ဝင်စားစရာကောင်းနေပါပြီ။ တကယ်လို့ သင်ဟာ ရာသီဥတုအေးတာကို နှစ်သက်တဲ့ သူဆိုရင်တော့ ဒီဟိုတယ်ဟာ သင့်အတွက်ပါပဲ။ ဆောင်းတွင်းရောက်တိုင်း ရေခဲတွေနဲ့ ပြန်ပြီး တည်ဆောက်တဲ့ ဒီဟိုတယ်မှာ တည်းခိုနေချိန်အတွင်း ရေခဲနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။
သင်က အေးချမ်းတဲ့ နေရာမှာ မင်္ဂလာဆောင်ချင်တယ်ဆိုရင် ရေခဲတွေနဲ့ ပြုလုပ်ထားတဲ့ ချက်ကျောင်းတခုလည်း ရှိသေးတယ်လို့ ဆိုပါတယ်။
(၂) Skylodge Adventure Suites ( ပီရူး)
တကယ်လို့ သင်ဟာ အမြင့်ကြောက်တတ်သူ ဖြစ်နေစေဦးတော့ သွားဖြစ်အောင် သွားပါလို့ ကမ္ဘာလှည့်ခရီးသွားအများစုက တိုက်တွန်းထားကြပါတယ်။ ကျောက်ဆောင်တွေမှာ တည်ဆောက်ထားတဲ့ ဒီဟိုတယ်ဟာ မှန်တွေနဲ့ တည်ဆောက်ထားတဲ့ ဟိုတယ်ဖြစ်တဲ့ အပြင် မြေပြင်ကအမြင့် ၄၄၀ မီတာမှာ ရှိတယ်လို့ သိရပါတယ်။
ဒီဟိုတယ်မှာ တည်းခိုသူတွေဟာ ပီရူးနိုင်ငံရဲ့ ကျေးလက် အလှအပကို ခံစားဖို့ လာရောက်တည်းခိုကြခြင်းဖြစ်တယ်လို့ သိရပါတယ်။
(၃) Ladera Resort (စိန့်လူစီယာ)
သင်က တောတွင်းမှာ နေထိုင်ရတာကို ကြိုက်နှစ်သက်သူဖြစ်ရင် ဒီဟိုတယ်က သင့်အတွက်ပါပဲ။ ကာရေဘီယံ ပင်လယ်ကြီးကို လှမ်းမြင်ရပြီး ဟိုတယ်ရဲ့ ဘေးပတ်ပတ်လည်မှာတော့ ထူထပ်တဲ့ တောအုပ်ကြီး ရှိနေပါတယ်။ နေဝင်ချိန်နဲ့ နေထွက်ချိန်ကို ကြည့်ဖို့ အတွက် သွားတည်းကြပြီး တောတွင်းတိရစ္ဆာန်လေးတွေကိုလည်း မမျှော်လင့်တဲ့ အချိန်တွေမှာ မကြာခဏတွေ့ရပါလိမ့်မယ်။
(၄) Bambu Indah ( ဘာလီ)
ရေအနားမှာ တည်ဆောက်တဲ့ ဟိုတယ်တွေဟာ လူတွေရဲ့ စိတ်ကို အမြဲပျော်ရွှင်စေတာ အသေအချာပါပဲ။ ဘာလီမှာ ရှိတဲ့ ဒီဟိုတယ်က ရေပေါ်မှာ တည်ဆောက်ထားတဲ့ ဟိုတယ်ဖြစ်ပါတယ်။ ရေအောက်က သတ္တဝါတွေကို အမြဲ မြင်နေရဖို့ အတွက် မှန်ကြမ်းခင်းနဲ့ တည်ဆောက်ထားတယ်လို့ သိရပါတယ်။
Ref; hotelife