ကိုရီးယားမင်းသား ဂေါင်ယိုးဟာ Goblin စီးရီးရဲ့ Season 2 မှာ ပါဝင်ဖို့ အခွင့်အရေးသာရမယ်ဆိုရင် ပါဝင်သရုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ ပရိသတ်တွေ့ဆုံပွဲတခုမှာ မင်းသားက နောက်ထပ်သူသရုပ်ဆောင်မယ့် ဇာတ်လမ်းကို အချိန်တော်တော်ကြာကြာ စောင့်ရဦးမှာဖြစ်ပြီး ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ဇာတ်လမ်းဖြစ်လိမ့်မယ် လို့ ဆိုပါတယ်။
သူက “ကောင်းမွန်တဲ့ လုပ်ငန်းနဲ့ အားလုံးကို ကျနော် တွေ့ချင်ပါတယ်။ နောက်ထပ် လုပ်မယ့် အလုပ်ဟာ တော်တော်လေးစောင့်ရတာတန်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ လူတိုင်း သဘောကျ ကြမှာဖြစ်ပါတယ်” လို့ဆိုပါတယ်။
တကယ်လို့များ Goblin စီးရီးကို ဒုတိယအတွဲအနေနဲ့ ရိုက်ကူးမယ်ဆိုရင် ပါဝင်ဖို့ စိတ်ဝင်စားပါသလား ဆိုတဲ့ မေးခွန်းကိုတော့ သူက သရုပ်မဆောင်စရာ အကြောင်းမရှိတဲ့အကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ သူက “အဲဒါကို ငြင်းပယ်စရာအကြောင်းမရှိပါဘူး” လို့ဆိုပါတယ်။ “Goblin” ဇာတ်လမ်းတွဲဟာ လူသားတယောက်နဲ့ ချစ်မိတဲ့ ထာဝရမသေနိုင်တဲ့ မှင်စာတယောက်အကြောင်း ရိုက်ကူးထားတဲ့ နာမည်ကျော် ရုပ်သံစီးရီးဖြစ်ပါတယ်။
အဲဒီဒရာမာဟာ ဆုတွေရရှိတာ၊ လူကြည့်နှုန်း စံချိန်ချိုးတာ စတဲ့ အောင်မြင်မှုတွေကို လည်း ရရှိခဲ့ပါတယ်။ နောက်ဆုံးအပိုင်းမှာ ကိုရီးယားနိုင်ငံတဝန်းပရိသတ်ကြည့်နှုန်း ၁၈ ဒဿမ ၆၈ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
“Reply 1988” စီးရီးပြီးတဲ့နောက် ကိုရီးယားကေဘယ်လ်ရုပ်သံလိုင်းတွေမှာ ဒုတိယမြောက် လူကြည့်အများဆုံး စီးရီးလည်း ဖြစ်ပါတယ်။ ထူးခြားတဲ့အောင်မြင်မှုတွေ ရခဲ့တာကို စဉ်းစားပြီးတော့ Season 2 ကို လက်ရှိမှာတော့ ရိုက်ကူးဖို့အစီအစဉ် မရှိသေးဘူးလို့ ဆိုပေမယ့် မူရင်းသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်နေရာမှာပဲ သူက ပြန်လည် သရုပ်ဆောင်ချင်တယ်လို့ ဆိုထားတာပါ။
Ref:koreaboo