Entertainment

မိန်းမလျာဇာတ်ရုပ်တွေပဲ အရိုက်များတဲ့အကြောင်း ပြောပြတဲ့ ရဲလေးမ

Want create site? Find Free WordPress Themes and plugins.

မိန်းမလျာကာရိုက်တွေ အရိုက်များတဲ့ ဇာတ်ပို့သရုပ်ဆောင်ရဲလေးမက မိန်းမလျာ ဆိုတဲ့ ကာရိုက်တာနေရာကို စိုက်ထူခွင့် ရတာကိုလည်း ကျေနပ်တယ်လို့ဆိုပါတယ်။

“လတ်တလောတော့ ဇာတ်ကားရိုက်ကူးမှု ဘာမှမရှိဘူး။ ဇာတ်ကားမရိုက်ရတာတော့ ၁၀လလောက်ရှိပြီ။ ကျနော်က ပရိသတ်ရင်ထဲကို ရောက်လာတာ မိန်းမလျာ အိုက်တင် မိန်းမလျာကာရိုက်နဲ့ရောက်လာတဲ့သူဆိုတော့ ဒါလည်း ကျနော့်ဘက်မှာ တာဝန်ကြီးတယ်။ သူများတွေလို ဒီကာရိုက်တာမှ ဟိုကာရိုက်တာမှ မဟုတ်ဘူး”

“ကျနော်လည်း ဝင်ရောက်လာကတည်းက မိန်းမလျာ ကာရိုက်တာပဲရိုက်ပါမယ်ဆိုပြီး ဝင်ရောက်လာတာ မဟုတ်ဘူး။ သူ့အကြောင်း အကျိုးဆက်ကြောင့်ပေါ့။ ကျနော်တို့ အနုပညာလောကမှာ လိုင်းတလိုင်းရလာပြီဆိုရင် အဲ့လိုင်းတလိုင်းက တောက်လျှောက် သွားရတော့မှာလေ”

“တခြားကာရိုက်တာလာခိုင်းလည်း ကျနော်က လုပ်မှာပဲ။ ဒီမိန်းမလျာကာရိုက်တာလောက် ပရိသတ်က ကျနော်ကို မချစ်တော့ဘူးလေ။ မိန်းမလျာကာရိုက်တာလေး ရိုက်နေရတာကိုလည်း ကျေနပ်တယ်။ ပရိသတ်တွေ ပေးတဲ့ နေရာ ဒါရိုက်တာတွေ ဆွဲထုတ် ပေးတဲ့ နေရာ။ မိန်းမလျာ ဆိုတဲ့ ကာရိုက်တာနေရာလေးကို စိုက်ထူခွင့် ရတာကိုလည်းကျေနပ် တယ်။ ပျော်လည်းပျော် တယ်”လို့ ဇာတ်ပို့ သရုပ်ဆောင်ရဲလေးမက ပြောပါတယ်။

မိန်းမလျာ ကာရိုက်တာတွေကို တာဝန်ကျေ မရိုက်ဘူးလို့ဆိုတဲ့ ဇာတ်ပို့သရုပ်ဆောင်ရဲလေးမက ပရိသတ်က LGBTလို့ ထင်လည်း ကျေနပ်ပါတယ်လို့ ဆိုပါတယ်။

“မိန်းမလျာကာရိုက်တာကို မှီပြီး အလုပ်လုပ်နေရတာ ဖြစ်တဲ့အတွက် ကျနော်ကတော့ တာဝန်ကျေမရိုက်ဘူး။ မျက်မုန်းကျိုးမယ့် အလုပ်မလုပ်ချင်ဘူး။ မိန်းမလျာ ထုကြီးနဲ့ ဆိုင်ရင်ဆိုင်မှာပေါ့။ သူတို့ ကိုယ်စားပြုရိုက်ရတာဆိုတော့ သူတို့ မုန်းမယ့် ပုံစံတွေ သရုပ်ဆောင်ရင်တော့ သူတို့ မုန်းမှာပဲလေ”

“မိန်းမလျာ ပွဲတွေ ပြိုင်ပွဲတွေရှိရင် ဖိတ်ရင်သော်လည်းကောင်း မဖိတ်သော်လည်းကောင်း ကျနော် ရောက်အောင် သွားတယ်။ ဘာလို့လည်းဆိုတော့ ကျနော် ဒါနဲ့အလုပ်လုပ်နေတာဖြစ်တဲ့အတွက် သူတို့ ချစ်အောင်နေတယ်။ ကျနော်သရုပ်ဆောင်မှုတွေမှာလည်း သူတို့ဆီက အိုက်တင်တွေ စကားတွေ အများကြီးပါတယ်”

“ မြန်မာနိင်ငံမှာရှိတဲ့ မိန်းမလျာတွေက ရဲလေးမကျေးဇူးရှင်လို့ ပြောလို့ရတယ်။ ကျနော်ကို မိန်းမလျာလို့ ထင်နေတာ တွေပြောနေတာ တွေကလည်း ပြောပိုင်ခွင့်ရှိတယ် မိန်းမလျာလို့ ထင်ပိုင်ခွင့်ရှိတယ်။ ကျနော်က အဲ့ဒါကို လိုက်မခံစားဘူး။ ကြိုက်သလိုထင်လို့ရတယ်။ ကျနော်ကို LGBTလို့ထင်လည်း ကျေနပ်ပါတယ်။ လက်ခံတယ်” ဇာတ်ပို့သရုပ်ဆောင် ရဲလေးမက ပြောပါတယ်။

ရဲလေးမကိုတော့ ဇာတ်ပို့ဇာတ်ရံတဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။

You May Also Like This Story:

ဇာတ်ပို့ သရုပ်ဆောင် ရဲလေးမကို မုန့်ဟင်းခါးဆိုင် ဖွင့်နိုင်အောင် ကူညီပေးခဲ့တဲ့ ခိုင်နှင်းဝေ

Did you find apk for android? You can find new Free Android Games and apps.
Loading