Entertainment

"ပုရိသ"ရုပ်ရှင်မှာ ငယ်မူပြန်ပြီး ကတဲ့ ဇာတ်ဝင်ခန်း သရုပ်ဆောင်ထားတဲ့ ရဲအောင်

Want create site? Find Free WordPress Themes and plugins.

ဟာသရုပ်ရှင်ကား ဖြစ်တဲ့ “ပုရိသ” ရုပ်ရှင်ကို ယနေ့မှ စတင်ကာ ရုံတင် ပြသနေပြီး ဒီကားထဲမှာတော့ သရုပ်ဆောင် ရဲအောင်ကတော့ အရင်ခေတ်က သီချင်းတွေနဲ့ ငယ်မူပြန်ပြီး ကထားတယ်လို့ ပြောပါတယ်။

“နေခြည်ဦးနဲ့ ကျနော်နဲ့ အခန်းဆိုရင် အရင်က သီချင်းတွေကို Playback ဖွင့်ပြီး ကရတာ ပါတယ်။ ကိုကျော်ရဲအောင်နဲ့ မခိုင်လေးတို့က တတွဲပေါ့။ အဲ့အခန်းလေးဆို ငယ်မူပြန်ပြီးတော့ လုပ်လိုက်ရတာပေါ့နော်။ ကိုဇော်က လုပ်ပါလုပ်ပါ ဆိုတော့ မကြီးမငယ်နဲ့ ကလိုက်ရတယ်”လို့ ရဲအောင်က ပြောပါတယ်။

ဒီကားထဲမှာတော့ နေခြည်ဦးနဲ့ တွဲဖက် သရုပ်ဆောင်ထားပြီး နေခြည်ဦးက သွက်သွက်လက်လက်နဲ့ သရုပ်ဆောင်တဲ့အတွက် အဆင်ပြေတယ်လို့ ရဲအောင်က ဆိုပါတယ်။

“ဒီဇာတ်ကားထဲမှာတော့ ကျနော်က နေခြည်ဦးနဲ့ တွဲရတာပါ။ နေခြည်ဦးက ရှေ့မှာလည်း ရုပ်ရှင်ကားတွေ ရိုက်ထားတယ်။ သူကလည်း ပရိသတ်တွေ အားပေးတဲ့ မင်းသမီး တယောက် ဖြစ်နေပြီလေ။ ဒါရိုက်တာကလည်း သင်ပေးတယ်။ သူ့ရဲ့သွက်သွက်လက်လက် ပုံစံနဲ့က အဆင်ပြေပါတယ်”လို့ ရဲအောင်က ပြောပါတယ်။

အခုခေတ် ကလေးတွေကတော့ ဝါသနာပါပြီဆိုရင် သွက်သွက်လက်လက်နဲ့ သရုပ်ဆောင်ကြပြီး ကင်မရာလည်း မကြောက်ကြဘူးလို့ ပြောပါတယ်။

လူငယ်သရုပ်ဆောင်များနဲ့ တွဲဖက်ရတဲ့အခါမျိုးမှာ ကိုယ့်ဘက်က ဘယ်လောက် အမီလိုက်ရလဲဆိုတာကိုလည်း ရဲအောင်က “ဇာတ်ပေါ်မှာပဲကြည့်ပြီးတော့ သရုပ်ဆောင်ရတာပါပဲ။ အဓိကကတော့ ကိုယ်က ဒါကိုရွေးချယ်ထားတော့ ဒီဇာတ်လမ်းမှာ ဒီဇာတ်ကောင်က ဘာလုပ်မှာလဲ။ အဲဒီလိုပဲ ဇာတ်ကောင်ကိုရွေးပြီးတော့ ကိုယ်လုပ်လို့ရတဲ့ အနေအထား ကိုယ်ရတဲ့ အခြေအနေလေးပေါ်မှာ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ရတာပေါ့”လို့ ပြောပါတယ်။

ရဲအောင်အနေနဲ့ သူနဲ့ရွယ်တူတွေ များစွာရှိတဲ့ထဲမှာ ယခုအချိန်ထိ ရုပ်ရှင်ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများမှာ အမြဲတမ်း အဆက်မပြတ် တွေ့မြင်နေရပြီး ဒီအလုပ်ပဲ လုပ်တတ်တာကြောင့်လည်း အမြဲတမ်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“ရှိပါတယ်။ ကျနော်တို့ Batch တွေမှာလည်း ရိုက်နေကြပါတယ်။ ဒါပေမဲ့ ဒီဘက်ပိုင်းမှာတော့ ဗီဒီယိုဈေးကွက် အနေအထားအရ ဗီဒီယိုက ပျောက်ကွယ်လုဖြစ်နေတော့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေပဲ ရှိတော့တာပေါ့။ ဒီနေ့ ဒီအချိန်ထိ ရိုက်နေရတယ်ဆိုတာကလည်း ပရိသတ်တွေက အားပေးတယ်”

“ကိုယ်တွေကလည်း ဒီအလုပ်ပဲလုပ်တတ်တော့ တန်ဖိုးထားလေးစားပြီးတော့ ကိုယ့်အသိုင်းအဝိုင်းက ရုပ်ရှင်ဖြစ်လာဖို့ ပံ့ပိုးပေးကြတဲ့သူတွေနဲ့ မိသားစုလိုပဲ နေထိုင်တယ်။ ကြိုးစားတယ်။ အခုထိလည်း ကြိုးစားနေရတုန်းပဲ။ လေ့လာနေရတုန်းပဲ”လို့ ရဲအောင်ကပြောပါတယ်။

ဝါရင့် သရုပ်ဆောင်တဦးဖြစ်တဲ့ အကယ်ဒမီ ရဲအောင်ကတော့ ရုပ်ရှင်ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများစွာရိုက်ကူးလျက် ရှိပါတယ်။ “ပုရိသ”ရုပ်ရှင်မှာတော့ ကျော်ရဲအောင်၊ ရဲအောင်၊ တိုင်ရွန်၊ ချမ်းမင်းရဲထွဋ်၊ ထက်အောင်ရှိုင်း၊ အေးချမ်းမောင်၊ ခိုင်သင်းကြည်နဲ့ နေခြည်ဦးတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

You may also like these stories:

နေခြည်ဦးရဲ့ တတိယမြောက်ရုပ်ရှင်ကားကြီးဖြစ်တဲ့ “ပုရိသ” ရုပ်ရှင်

Did you find apk for android? You can find new Free Android Games and apps.
Loading