တနေ့တာလုံး ရုပ်ရှင်ကြည့်ခြင်းဟာ အလုပ်တခု မဟုတ်ဘူးလို့ အများစုအမြင်မှာ ထင်ကောင်းထင်နေကြပေမယ့် အခု Disney က ကမ်းလှမ်းလိုက်တဲ့ သတင်းကတော့ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပါတယ်။
ကမ်းလှမ်းမှုကို လက်ခံမယ်ဆိုရင်တော့ Disney ရဲ့ အမာခံ ပရိသတ် တယောက်ဖြစ်ကြောင်း သက်သေပြဖို့သာ အဓိကဖြစ်ပြီး Toy Story နဲ့ Monster University ကိုတော့ တော်တော်များများ ကြည့်ရှုဖူးကြမှာဖြစ်တဲ့အတွက် ခက်ခဲတဲ့ ကိစ္စတခုတော့ မဟုတ်ပါဘူး။
ရုပ်ရှင်ကြည့်ရတာ ကြိုက်တဲ့သူ တယောက်အတွက် ဆိုရင်တော့ လွယ်ကူတဲ့ ကိစ္စတခုဖြစ်ပြီး မိမိကြိုက်နှစ်သက်တာကို လုပ်ရင်း ပိုက်ဆံရနိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ Disney+ Channel အသစ်တခု စတင်မိတ်ဆက်မှာဖြစ်ပြီး Reviews.org ကနေ ပရိသတ်တချို့ကို ရွေးချယ်ကာ ပွဲတခုပြုလုပ်ရင်း စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေကို ဖန်တီးပေးမှာဖြစ်ပါတယ်။ အဲဒီထဲကမှ ရွေးချယ်ခံရတဲ့ ပရိသတ်တွေဟာ Disney ရဲ့ တီဗီစီးရီး ဒါမှမဟုတ် ရုပ်ရှင်တွေကို ရက် ၃၀ အတွင်း ဇာတ်ကားပေါင်း ၃၀ ကို ကြည့်ရှုရမှာဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ ပါဝင်ဖို့အတွက် လိုအပ်ချက်တွေကတော့ အမေရိကန်နိုင်ငံသား၊ အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမယ်လို့ Reviews.org မှာ ဖော်ပြထားပါတယ်။ ဖြည့်သွင်းရမယ့် Online ဖောင်တခုလည်း ရှိနေမှာဖြစ်ပြီး Disney ရဲ့ အနှစ်သက်ဆုံး စီးရီး ဒါမှမဟုတ် ရုပ်ရှင်တွေအကြောင်း Review တခု ရေးသားပေးဖို့နဲ့ ဘာကြောင့် Disney ရဲ့ ပရိသတ်ဖြစ်လာတယ်ဆိုတာကို အတိုချုံး ရေးသားပေးရမှာပါ။
Disney အနေနဲ့ ဒီအစဉ်အတွက် ကန့်သတ်ထားတဲ့ အရေအတွက်ကတော့ ၅ ယောက်သာဖြစ်ပြီး ဒေါ်လာ ၁၀၀၀ အပြင် Disney+ ကို အခမဲ့ ကြည့်ရှုခွင့်ကိုပါ ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီအစီအစဉ်အတွက် နောက်ဆုံးရက်ကို နိုဝင်ဘာလ ၇ ရက်နေ့အဖြစ် သတ်မှတ်ထားပြီး Disney ရဲ့ Youtube Channel မှာ ရွေးချယ်ခံရသူစာရင်းကို ဖော်ပြပေးသွားမယ်လို့လည်း သိရပါတယ်။
Ref. brightside.me