သုတေသန လေ့လာချက်တွေအရ ရုပ်ရှင်ကြည့်ရှုနေချိန်အတွင်း ရုပ်ရှင်ရဲ့ အနိမ့်အမြင့် အတက်အကျကို ခံစားရင်း ငိုတတ်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး စိတ်ကျန်းမာရေး ပိုမိုကောင်းမွန်ကြတယ်လို့ ဆိုပါတယ်။ အခုဖော်ပြပေးမယ့် ရုပ်ရှင်တွေကတော့ ရုပ်ရှင်ကြည့်ရင်း ငိုတတ်သူတွေ အကြိုက်တွေ့ကြမယ့် ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။
(၁) The Notebook
အခြေအနေချင်း မတူပေမယ့် အရမ်းချစ်ကြတဲ့ သူဌေးသမီးလေး Allie နဲ့ လက်လုပ်လက်စားကောင်လေး Noah တို့ရဲ့ အချစ်ဇာတ်လမ်းကို ရိုးရိုးရှင်းရှင်းပဲ ရိုက်ကူးထားတာဖြစ်ပြီး ဘယ်လို အဆုံးသတ်မလဲဆိုတာကို ကြိုတွေးပြီး စိတ်လှုပ်ရှားရတာကလည်း ဒီဇာတ်ကားရဲ့ အကောင်းမွန်ဆုံးအပိုင်းပဲ ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေအနေနဲ့ Ryan Gosling နဲ့ Rachel McAdams တို့ ပါဝင်ထားကြပါတယ်။
(၂) Life is Beautiful
ဂျာမန်ချွေးတပ်စခန်းရောက် ဂျူးလူမျိုးတွေအဖို့ ဒုတိယကမ္ဘာစစ်အတွင်း အသက်ရှင်ဖို့ဆိုတာတော်တော် ခဲယဉ်းတဲ့ ကိစ္စတခုပါ။ သားဖြစ်သူအတွက် ရယ်မောပျော်ရွှင်စရာ အပြည့်နဲ့ စခန်းလေးတခု ဖန်တီးပေးပြီး အပြင်လောကရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးဖို့ ကြိုးစားနေတဲ့ ဂျူးလူမျိုး ဖခင်တယောက်ကို ကြည့်ရှုကြရမှာပါ။
(၃) The Terminal
ရုပ်ရှင်ချစ်သူတော်တော်များများ ကြည့်ရှုပြီးဖြစ်မယ့် ရုပ်ရှင်ဇာတ်ကားတကားပဲ ဖြစ်ပါတယ်။ မင်းသားကြီး Tom Hanks ကို အဓိကဇာတ်ကောင်အဖြစ် တွေ့မြင်ကြရမှာဖြစ်ပြီး နိုင်ငံမဲ့သွားတဲ့ နိုင်ငံသားတယောက် လေဆိပ် ဧရိယာတွင်းမှာ တဝဲလည်လည် ဖြစ်ရပုံကို ဆွဲဆောင်မှုရှိရှိနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
(၄) 12 Years A Slave
လွတ်လပ်စွာ အသက်ရှင်နေထိုင်တဲ့ လူမည်းတယောက်ဟာ မသမာလူတစုရဲ့ ပြန်ပေးဆွဲခံရပြီး ကျွန်အဖြစ် ရောင်းစားခံခဲ့ရတာပါ။ ၁၂ နှစ်တာ ကာလပတ်လုံး မိသားစုနဲ့ ချစ်သူခင်သူတွေ အဝေးကြီးဝေးကာ အသက်ရှင်ရဖို့အရေး ရုန်းကန်လှုပ်ရှားခဲ့ရပုံတွေကို ရိုက်ကူး တင်ဆက်ထားတာ ဖြစ်ပါတယ်။
Ref. brightside.me
You may also like these stories:
ရုပ်ရှင်ချစ်သူတိုင်း မဖြစ်မနေကြည့်သင့်တဲ့ Fantasy ရုပ်ရှင်ဇာတ်ကားများ
နောက်တကြိမ် ပြန်လည် ရိုက်ကူးမယ်ဆိုရင်တောင် လူကြိုက်များနေဦးမယ့် ရုပ်ရှင်များ
စိတ်ချောက်ချားစရာ ကောင်းတာကြောင့် အဆုံးထိ ကြည့်ဖို့ ခဲယဉ်းတဲ့ Horror ရုပ်ရှင်ကားများ