Walt Disney ရဲ့ လူကြိုက်အများဆုံးနဲ့ အအောင်မြင်ဆုံး Classicတွေထဲမှာ ၁၉၅၃ ခုနှစ်လောက်က ထွက်ရှိခဲ့တဲ့ Peter Pan ရုပ်ရှင်ဟာလည်း တခုအပါအဝင်ပါ။
ကလေးငယ်တွေရဲ့ငယ်ဘဝဖြတ်သန်းမှုတွေထဲမှာ Peter Pan ကာတွန်းရုပ်ရှင်ဟာ အတော်လေး လွှမ်းမိုးထားနိုင်ပြီး ကာတွန်းကားတကားထက်ပိုတဲ့ သက်ရောက်မှုတွေ ရှိနေတာကြောင့်လည်း Disney အနေနဲ့ Live-Action ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးမယ်ဆိုတာကို အတည်ပြု ပြောကြားထားပါတယ်။
Live-Action အဖြစ် ပြန်လည် ရိုက်ကူးမယ့် ဒီရုပ်ရှင်ကိုတော့ “Peter Pan and Wendy” လို့ ယာယီနာမည်ပေးထားပြီး ပါဝင်မယ့် သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေ စာရင်းကတော့ တိတိကျကျ မထွက်ပေါ်သေးပါဘူး။
လက်ရှိအချိန်ထိ တိကျသေချာတဲ့ သရုပ်ဆောင်စာရင်းကို အတိအလင်း ထုတ်ပြန်ထားတာမျိုး မဟုတ်ပေမယ့် Joker ရုပ်ရှင်နဲ့ အောင်မြင်မှုတွေ သိမ်းပိုက်ထားနိုင်တဲ့ မင်းသား Joaquin Phoenix ကိုတော့ Peter Pan Live-action ရုပ်ရှင်အတွက် Disney က မျက်စိကျ စိတ်ဝင်စားနေပါတယ်။
မင်းသားကြီး Joaquin Phoenix ကို Peter Pan ရဲ့ အဓိက ဗီလိန်ဇာတ်ကောင် Captain Hook နေရာအတွက် မျက်စိကျနေတာဖြစ်ပြီး Harley Quinn မင်းသမီးလို့ လူသိများကြတဲ့ မင်းသမီး Margot Robbie ကတော့ Tinker Bell နေရာမှာ သရုပ်ဆောင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Disney ဘက်က ဘယ်လိုပဲ မျက်စိကျ စိတ်ဝင်စားပါတယ်ဆိုဆို မင်းသား Joaquin Phoenix က ဒီဇာတ်ကောင် နေရာမှာ သရုပ်ဆောင်လိုစိတ် ရှိ၊ မရှိ၊ လက်ခံ၊ မခံဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
Disney ဟာ အခုနောက်ပိုင်းမှာ တခေတ်တခါက အောင်မြင်ပြီးသား ကာတွန်းရုပ်ရှင်တွေကို Live-action အဖြစ် ပြန်လည်ရိုက်ကူးတာမျိုးကို ခြေလှမ်းခပ်စိပ်စိပ်နဲ့ ဦးစားပေး လုပ်ဆောင်လာနေပြီး သိပ်မကြာတော့မယ့် အချိန်ကာလ တခုအတွင်းမှာဆိုရင်လည်း Mulan Live-action ရုပ်ရှင် ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
Ref. www.small-screen.co.uk
You may also like these stories:
အမေရိကန် ရုံဝင်ငွေစာရင်းမှာ မျက်နှာပန်းမလှဖြစ်နေတဲ့ “Birds ဝf Prey” ရုပ်ရှင်
တေလာဆွစ်ဖ်ရဲ့ ဘဝအကြောင်းကို သိခွင့်ရမယ့် “Miss Americana” မှတ်တမ်းရုပ်ရှင်
မိခင်ဖြစ်ရတာ ခက်ခဲကြောင်း လူမှုကွန်ရက်မှာ ဓာတ်ပုံနဲ့တကွ တင်ခဲ့ကြတဲ့ ကမ္ဘာကျော်များ