• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Event

ခမ်းခမ်းနားနား အောင်မြင်စွာ ပိတ်သိမ်းနိုင်ခဲ့တဲ့ “PyeongChang ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ”

by မစ်ကီ
26 February 2018
in Event
A A
“PyeongChang အိုလံပစ်ပြိုင်ပွဲ” ပိတ်ပွဲမှာ ဖျော်ဖြေနေတဲ့ ကိုရီးယား အနုပညာရှင်များ

“PyeongChang အိုလံပစ်ပြိုင်ပွဲ” ပိတ်ပွဲမှာ ဖျော်ဖြေနေတဲ့ ကိုရီးယား အနုပညာရှင်များ

5.1k
VIEWS
Share on FacebookShare on Twitter

တောင်ကိုရီးယားနိုင်ငံရဲ့ “၂၀၁၈ ခုနှစ်၊ PyeongChang (ဖြောင်းချန်း) ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ” ပိတ်ပွဲအခမ်းအနား ကတော့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာပဲ ခမ်းခမ်းနားနား ဖျော်ဖြေတင်ဆက်မှုတွေနဲ့ ပြီးဆုံးသွားပြီဖြစ်ပါတယ်။

အဲဒီပွဲမှာ ဒီနှစ် အိုလံပစ်ပြိုင်ပွဲရဲ့ လာဘ်ကောင် ဖြစ်တဲ့ ကျားဖြူပုံရိပ်ကို ပုံဖော်တဲ့ အဝေးထိန်း Drone တွေလိုမျိုး အဆင့်မြင့် နည်းပညာတွေနဲ့ ပံ့ပိုးခဲ့ရုံသာမက K-pop နာမည်ကြီး အနုပညာရှင်များစွာလည်း လာရောက် ဖျော်ဖြေခဲ့ပါတယ်။

RelatedPosts

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

23 June 2025
2.3k
ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
813
နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
568
2NE1 အဖွဲ့ဝင်ဟောင်း၊အမျိုးသမီး Rap အဆိုတော် CL ရဲ့ ဖျော်ဖြေမှု

2NE1 အဖွဲ့ဝင်ဟောင်း၊ တောင်ကိုရီးယား အမျိုးသမီး Rap အဆိုတော် CL ကတော့ သြဇာကြီးမားပြီး ပြင်းပြင်းထန်ထန် ပုံသဏ္ဍာန်တွေနဲ့ “The Baddest Female” သီချင်းနဲ့ 2NE1 အဖွဲ့ရဲ့ “I Am the Best” သီချင်းကို သီဆိုဖျော်ဖြေ ခဲ့ပါတယ်။ “I Am the Best” သီချင်းရဲ့ chorus သီချင်းပိုဒ်ကို ပရိသတ်တွေကလည်း အတူတူ သီဆိုခဲ့ပြီးတော့ မီးရှူး၊ မီးပန်းတွေရဲ့ အလှနဲ့ အံ့သြသင့်ဖွယ် ပူးပေါင်း ဖျော်ဖြေခဲ့ပါတယ်။

အဆိုတော် CL ဟာ ၂၀၀၉ ခုနှစ်မှာ 2NE1 အဖွဲ့ဝင် တဦးအနေနဲ့ ပွဲဦးထွက်ခဲ့တာဖြစ်ပြီးတော့ သူတို့အဖွဲ့ဟာ “Fire”, “Lonely”, “Go Away” နဲ့ “I Am the Best” စတဲ့ သီချင်းတွေနဲ့ နာမည်ကျော်ကြားခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ သူတို့ အဖွဲ့ဟာ ၂၀၁၆ ခုနှစ်ကစလို့ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ခဲ့ကြပြီး CL ကတော့ အဲဒီ နောက်ပိုင်းကစလို့ အမေရိကန် နိုင်ငံမှာ တကိုယ်တော် ဂီတလုပ်ငန်းအတွက် အဓိက အာရုံစိုက် လုပ်ဆောင်လျက်ရှိပါတယ်။

၂၀၁၅ ခုနှစ်မှာ တကိုယ်တော် Single သီချင်း “Hello Bitches” ကို ဖြန့်ချိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ “Lifted” သီချင်း Album ကို ဖြန့်ချိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဂီတသမား တဦးအနေနဲ့ စိန်ခေါ်မှုတွေကို ပိုမိုရင်ဆိုင်ရမယ်လို့ မျှော်လင့်ထား ကြောင်း ပြောဆိုထားပါတယ်။

EXO အဖွဲ့ဝင် Kai ရဲ့ ဖျော်ဖြေမှု

EXO အဖွဲ့ဝင် Kai ကတော့ ကိုရီးယားရိုးရာ တေးတပုဒ်ဖြစ်တဲ့ kkwaenggwari နဲ့ ခေတ်ပေါ်လျှပ်စစ် ဒရမ် တီးချက်တို့ရဲ့ တွဲဖက်မှုနဲ့အတူ အကအလှ ဖျော်ဖြေမှုကို တင်ဆက်ခဲ့ပါတယ်။ အဲဒီနောက် အခြား အဖွဲ့ဝင်တွေဟာ လေးဘီးတပ် ကားတွေနဲ့ ကွင်းထဲကို ဝင်ရောက်လာပြီးတဲ့နောက် “Growl” နဲ့ “Power” သီချင်းတို့ကို သီဆိုဖျော်ဖြေခဲ့ပါတယ်။

ကိုရီးယား အမျိုးသားအဆိုတော် အဖွဲ့ EXO အဖွဲ့ရဲ့ ဖျော်ဖြေမှု

EXO အဖွဲ့ဟာ ၂၀၁၂ ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပြီးနောက် မကြာသေးမီ နှစ်များကစလို့ K-pop ရဲ့ ကိုယ်စားလှယ်အဖွဲ့ တခု အဖြစ် ပေါ်ပေါက်လာခဲ့တာပါ။ သူတို့အဖွဲ့ဟာ “Growl”, “Overdose” , “Love Me Right ” နဲ့ “Ko Ko Bop” သီချင်း တို့လိုမျိုး နာမည်ကျော် သီချင်းတွေကိုလည်း ဖြန့်ချိခဲ့ပါတယ်။ သူတို့ရဲ့ နိုင်ငံကို ကိုယ်စားပြုဖို့ နိုင်ငံတကာပွဲ အခမ်းအနား တွေမှာလည်း ဖျော်ဖြေခဲ့ပြီး “နိုင်ငံ့လက်ရွေးစင်” ဆိုတဲ့ နာမည်ပြောင်ကိုလည်း ရရှိခဲ့ပါတယ်။

အဖွဲ့ဝင် Baekhyun ကတော့ ၁၃၂ ကြိမ်မြောက် နိုင်ငံတကာ အိုလံပစ်ကော်မတီ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်သီချင်း သီဆိုခဲ့ပါသေးတယ်။ ပိတ်ပွဲအခမ်းအနားမှာ အံ့သြဖွယ် တင်ဆက်ခဲ့သူက ရုပ်ရှင်မင်းသမီး Honey Lee ဖြစ်ပြီး နွေဦးရာသီရဲ့ ကြာညောင်းမှုနဲ့ ပြောင်းလဲလှုပ်ရှားမှုတွေကြားက အလှတရားကို ပုံဖော်တဲ့ ကိုရီးယားရိုးရာ တကိုယ်တော် အက “ChoonAengMoo” ကို ကပြဖျော်ဖြေခဲ့ပါတယ်။

ကိုရီးယား မင်းသမီး Honey Lee ရဲ့ ဖျော်ဖြေမှု

ဆိုးလ် အမျိုးသားတက္ကသိုလ်ကနေ “ကိုရီးယားရိုးရာ ဂီတ မေဂျာ”မှာ မာစတာဘွဲ့ရရှိထားတဲ့ Honey Lee ဟာ ပိတ်ပွဲ အခမ်းအနားမှာ တင်ဆက်နိုင်ဖို့ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ခွင့်ပြုချက် ရရှိခဲ့တာဖြစ်ပြီး အခုလိုမျိုး ဖျော်ဖြေနိုင်ဖို့ ၃ လကြာ ပြင်ဆင်ခဲ့ရတယ်လို့လည်း သူ့ရဲ့ အေဂျင်စီက ပြောထားပါတယ်။ မင်းသမီး Lee က “ကျမ ပိတ်ပွဲအခမ်းအနားမှာ ပါဝင်ဖို့ ဂုဏ်ယူစွာနဲ့ သဘောတူခဲ့ပြီး စင်မြင့်ပေါ်မှာ ကိုရီးယားရဲ့ အလှကို ကမ္ဘာ သိအောင် ပြနိုင်ဖို့အခွင့်အရေး ရရှိခဲ့ ပါတယ်” လို့ ပြောပါတယ်။

“၂၀၁၈ ခုနှစ်၊ PyeongChang (ဖြောင်းချန်း) ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို Gangwon (ဂန်းဝမ်) ခရိုင်၊ ဖြောင်းချန်း မြို့မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မတ်လ ၉ ရက်နေ့ကနေ ၁၈ ရက်နေ့ အထိ “၂၀၁၈ ဖြောင်းချန်း ဆောင်းရာသီ၊ မသန်စွမ်း အားကစားပြိုင်ပွဲ”ကို ကျင်းပသွားမယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ် –PyeongChang အိုလံပစ်ပိတ်ပွဲ အခမ်းအနားမှာဖျော်ဖြေမယ့် EXO အဖွဲ့နဲ့ အမျိုးသမီး Rap အဆိုတော် CL 

Ref : soompi

Your Thoughts …
Tags: PyeongChangအိုလံပစ်ပြိုင်ပွဲ
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

မြန်မာ ကြက်တောင်မယ် သက်ထားသူဇာ

သက်ထားသူဇာ ဝင်ပြိုင်မည့် အိုလံပစ်ပြိုင်ပွဲ COVID-19 ကြောင့် တနှစ်နောက်ဆုတ်

by လဲ့လဲ့
5 April 2020
33.1k

ကမ္ဘာတဝှမ်း ဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုကျို အိုလံပစ် ပြိုင်ပွဲ တနှစ်နောက်ဆုတ်လိုက်ကြောင်း သတင်းရရှိသည်။

Next Post
မူဆယ် မိုင်းယုကျေးရွာ၌ လက်လုပ်မိုင်း ပေါက်ကွဲပြီး တွေ့ရစဉ် / ပြည်ထဲရေး ဝန်ကြီးဌာန

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အနီးပေါက်ကွဲမှုဖြစ်

မိတ်ကပ်လိမ်းတဲ့အခါ ညီညာအောင် ဆွဲရတဲ့အတွက် အရေးအကြောင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်

အမျိုးသမီးများ နေ့စဉ် မိတ်ကပ်လိမ်းခြင်းဟာ အသားအရေ ပျက်စီးစေနိုင်သလား

No Result
View All Result

Recommended

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

19 hours ago
7.7k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.7k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate