McDonald’s ဟာ နိုင်ငံတော်တော်များများမှာ အောင်မြင်တဲ့ ဆိုင်ခွဲတွေ ဖွင့်လှစ်ထားတာဖြစ်ပေမယ့် တချို့နိုင်ငံတွေ မှာတော့ ရောင်းချခွင့် ပိတ်ပင်ခံထားရပါတယ်။ အလွယ်တကူ စားသုံးလို့ရတဲ့ အစားအစာတွေကိုတော့ တကမ္ဘာလုံးမှာ ကြိုက်နှစ်သက်တဲ့ နိုင်ငံရှိသလို မကြိုက်နှစ်သက်တဲ့ နိုင်ငံတွေလည်းရှိပါတယ်။ ဒါကြောင့်မို့လို့ ဘယ်နိုင်ငံတွေက McDonald’s ဆိုင်တွေကို ပိတ်ပင်ထားလဲဆိုတာကို ပြန်လည်မျှဝေပေးသွားပါမယ်။
(၁) Bermuda
၁၉၉၅ ခုနှစ်ကတည်းက ကာရေဘီယံကျွန်းမှာ McDonald’s ဆိုင်ဟာ တဆိုင်တည်းရှိနေခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ တဆိုင်မှတောင် မရှိတော့တာပါ။ Bermuda နိုင်ငံမှာ အလွယ်တကူ စားသောက်လို့ရတဲ့ နိုင်ငံခြား အစားအစာတွေနဲ့ ပတ်သက်တဲ့ တရားဝင်ဥပဒေ ထုတ်ပြန်ထားတာဖြစ်ပြီး နိုင်ငံသားတွေရဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။
(၂) Iran
လွန်ခဲ့တဲ့နှစ် အနည်းငယ်ခန့်က အမေရိကန်နဲ့ နှစ်နိုင်ငံငယ် ဆက်ဆံရေး မပြေလည်မှုတွေကြောင့် McDonald’s ဆိုင်တွေ ပျောက်ကွယ်သွားခဲ့ရပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလက်ရှိအချိန်မှာတော့ ဥရောပ နိုင်ငံတော်တော်များများနဲ့ သံတမန် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာခဲ့ပေမယ့် McDonlad’s ဆိုင်တွေအစား ပြည်တွင်း စားသောက်ဆိုင်တွေအဖြစ် Mash Donald’s ကို အစားထိုး ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
(၃) Macedonia
ဥရောပနိုင်ငံငယ် တနိုင်ငံဖြစ်တဲ့ Macedonia မှာတော့ MacDonald’s ဆိုင် အနည်းငယ်သာ တွေ့ရှိရမှာဖြစ်ပြီး နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Skopje မှာသာ ဖွင့်လှစ်ထားနိုင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၃ ခုနှစ်ကတည်းက McDonald’s ရဲ့ အစားအသောက်ရောင်းချခွင့် လိုင်စင်တွေ အသိမ်းခံခဲ့ရတာဖြစ်ပြီး ရှိရှိသမျှဆိုင်တွေ အားလုံးကိုလည်း ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။
(၄) North Korea
ဘယ်လို အမေရိကန် စီးပွားရေးလုပ်ငန်းကိုမှ ခွင့်ပြုထားလေ့ မရှိတဲ့ မြောက်ကိုရီးယားနိုင်ငံဟာ MacDonald’s ကိုလည်း ရောင်းချခွင့် မပြုထားပါဘူး။ နိုင်ငံရဲ့ အစားအစာအတွက် အစိုးရအနေနဲ့ ကွပ်ကဲထိန်းချုပ်မှုတွေ ရှိနေဆဲဖြစ်ပြီး လွယ်လင့်တကူ စားသောက်လို့ရတဲ့ အစားအစာတွေကိုလည်း ဘယ်တော့မှ ခွင့်ပြုပေးမှာ မဟုတ်ဘူးလို့လည်း စီးပွားရေး မှတ်တမ်းများအရ သိရပါတယ်။
Ref: www.rd.com