အသီးဘုရင်လို့တောင် တင်စားကြရတဲ့ ရာသီစာ သရက်သီးဟာ အခုလိုရာသီမှာ ပေါပေါများများစားသုံးနိုင်ကြပါပြီ။ အရသာလည်းရှိသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေပေးနိုင်တဲ့ သရက်သီးရဲ့ ခန္ဓာကိုယ်အတွက် အကျိုးပြုနိုင်ပုံတွေကို ကျန်းမာရေးဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တယ်
လေ့လာမှုတွေအရ သရက်သီးမှာပါဝင်တဲ့ Antioxidant နဲ့ ဓာတ်ပေါင်းတွေဟာ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာ အပါအဝင် ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
(၂) အသားအရေကို ကြည်လင်စေတယ်
သရက်သီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ အသားအရေအပြင်ပိုင်းနဲ့ အတွင်းပိုင်းအထိကိုပါ ကြည်လင်စေနိုင်ပြီး ချွေးပေါက်ပိတ်ဆို့မှုကြောင့် ဖြစ်တဲ့ အသားအရေပြဿနာတွေကိုပါ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
(၃) အမြင်အာရုံကို ကောင်းမွန်စေတယ်
သရက်သီးမှာ ပါဝင်တဲ့ ဗီတာမင်အေဓာတ်ဟာ အမြင်အာရုံကို ကောင်းမွန်စေပြီး မျက်သားခမ်းခြောက်တာနဲ့ အသက်အရွယ်ကြောင့် အမြင်အာရုံမှုန်ဝါးခြင်းတို့ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
(၄) အစာခြေစနစ်ကို ကောင်းမွန်စေတယ်
သရက်သီးမှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ အစာအိမ်ရဲ့ အစာခြေစနစ်ကို ကောင်းမွန်စေတာကြောင့် အစာကို ကြေညက်စေနိုင်တဲ့အပြင် ဝမ်းချုပ်ခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ။်
(၅) ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်
သရက်သီးမှာပါဝင်တဲ့ ဗီတာမင်အေနဲ့ ဗီတာမင်စီတို့ဟာ ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။
Ref. www.care2.com
You may also like these stories:
ဆွမ်းမွှေးရွက်ရဲ့ ကျန်းမာရေး ကောင်းကျိုးများ
နဂါးမောက်သီး စားသုံးခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး ၅ ခု
ပဲနီလေး စားသုံးခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုး ၅ ခု
သင်မသိသေးတဲ့ ငှက်ပျောသီးရဲ့ ကျန်းမာရေး ကောင်းကျိုးများ