တနေကုန် လှုပ်ရှားသွားလာ နေရတဲ့အတွက် မျက်နှာပေါ်မှာ အညစ်အကြေးတွေဟာ ကပ်ငြိနေတာကြောင့် မျက်နှာသစ်တဲ့အခါ နည်းစနစ်မှန်မှန်နဲ့ ဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။
နေ့စဉ်ပြုလုပ်နေကျ အရာတခုဖြစ်တဲ့ မျက်နှာသစ်တဲ့အခါ မထင်မှတ်ဘဲ ပြုလုပ်မိတတ်တဲ့ အပြုအမူတွေဟာ အသားအရေကို ထိခိုက်ပျက်စီး စေနိုင်တာကြောင့် သတိထားသင့်တဲ့ အချက်တွေကို ရေးသားဖော်ပြလိုက်ပါတယ်။
(၁) မျက်နှာသစ်တဲ့အခါ မေ့လျော့နေလေ့ရှိတဲ့ အချက်တခုကတော့ လက်ကို အရင်ဦးစွာ ဆေးကြောဖို့ပဲ ဖြစ်ပါတယ်။ လက်ဟာ ပစ္စည်းအများစုနဲ့ထိတွေ့ကိုင်တွယ်နေရတာကြောင့် ဘက်တီးရီးယားတွေကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာမသစ်ခင်မှာ လက်ကိုအရင်ဦးစွာ ဆေးကြောဖို့ဟာ အရေးကြီးပါတယ်။
(၂) မျက်နှာသစ်တဲ့နေရာမှာ ရေကို အလုံအလောက် မသုံးခြင်းဟာ ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပြီး အသားအရေကို ညစ်နွမ်းစေနိုင်ပါတယ်။ မျက်နှာသစ်တဲ့အခါ ရေများများနဲ့ ခပ်ကြာကြာသစ်ပေးခြင်းအားဖြင့် မျက်နှာအဆီပြန်ခြင်းနဲ့ မျက်နှာ အသားအရေ ယားယံခြင်းကို သက်သာစေနိုင်ပါတယ်။
(၃) မျက်နှာသစ်တဲ့အခါမှာ မျက်နှာပေါ်က အညစ်အကြေးတွေ ပိုပြောင်အောင်ဆိုပြီး ဆပ်ပြာတွေနဲ့ မျက်နှာကို ကြာကြာ ပွတ်တိုက်တာဟာ မျက်နှာ အသားအရေရဲ့ အပေါ်ယံအလွှာကို ခြောက်ခြောက်သွေ့သွေ့ဖြစ်စေပြီး နီရဲ ယားယံ စေပါတယ်။ မျက်နှာအသားအရေကို စက္ကန့် ၂၀ (သို့မဟုတ်) စက္ကန့် ၃၀ အကြာလောက်ပဲ ပွတ်တိုက်ပြီး ဆေးကြောသင့် ပါတယ်။
(၄) မျက်နှာသစ်ပြီးတဲ့အခါ ခန္ဓာကိုယ်ကိုသုတ်ထားတဲ့ တဘက်နဲ့ မျက်နှာသုတ်ခြင်းဟာလည်း မှားယွင်းပါတယ်။ ခန္ဓာကိုယ်မှာ ကပ်နေတဲ့ ဘက်တီးရီးယားတွေဟာ မျက်နှာသုတ်ပုဝါမှာ ကပ်ငြိနေတာကြောင့် မျက်နှာသုတ်တဲ့အခါ မျက်နှာကို ကပ်ငြိပြီး ဝက်ခြံအပါအဝင် မျက်နှာ အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာသစ်ပြီးတိုင်း တစ်ရှုး ဒါမှမဟုတ် မျက်နှာသုတ် ပုဝါသန့်သန့်ကို အသုံးပြုသင့်ပါတယ်။
Ref : steptohealth.com