Health

ဆံကေသာကျန်းမာရေးအတွက် ကြက်ဟင်းခါးသီးရဲ့ အသုံးဝင်ပုံ ၅ ချက်

မြန်မာလူမျိုးတွေနဲ့ သိပ်မစိမ်းလှတဲ့ ကြက်ဟင်းခါးသီးရဲ့ ကျန်းမာရေးကောင်းကျိုးကတော့ အထူးတလည် ပြောနေစရာ မလိုလောက်အောင် ကောင်းကျိုးတွေ များပြားလှတယ်ဆိုတာကို သိပြီးသားဖြစ်မှာပါ။ ခါးသက်သက်အရသာရှိတဲ့ ကြက်ဟင်းခါးသီးဟာ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေရုံသာမကပဲ ဆံကေသာ ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများစွာရှိတာကြောင့် ကြက်ဟင်းခါးသီးရဲ့ ဆံကေသာအတွက် အသုံးဝင်ပုံတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

(၁) ဆံပင်ဖြူခြင်းကနေ ကာကွယ်ပေးတယ်

ဟော်မုန်းအပြောင်းအလဲကြောင့် အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း၊ နေရောင်ခြည်နဲ့ ထိတွေ့မှုများခြင်းနဲ့ အသက်အရွယ်ကြောင့် ဆံပင်ဖြူခြင်းတို့ကို ကြက်ဟင်းခါးသီးက ထိထိရောက်ရောက် ကူညီပေးနိုင်ပါတယ်။ ခေါင်းမလျှော်ခင်တိုင်း ကြက်ဟင်းခါးသီးကို အစိတ်ငယ်လေးတွေစိတ်ပြီး ဆံကေသာကို ပွတ်တိုက်ပေးခြင်းအားဖြင့် ဆံပင်ဖြူတွေကို သိသိသာသာ လျော့ပါးလာစေမှာပါ။

(၂) ဦးရေပြားယားယံခြင်းနဲ့ ဗောက်ထခြင်းတို့ကို သက်သာစေတယ်

ရာသီဥတုနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဦးရေပြား မကြာခဏယားယံခြင်းနဲ့ ဗောက်ထခြင်းတို့အတွက် ကြက်ဟင်းခါးသီးကို အစိတ်ငယ်လေးတွေ စိတ်ပြီး ယားယံနေတဲ့ ဦးရေပြားပေါ်ကို ပွတ်တိုက်ပေးပါ။ ပြီးရင်တော့ ဦးရေပြားကို စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ်ပေးပြီး ရေနဲ့ ပြန်လည်ဆေးကြောပေးပါ။ ဒီနည်းလမ်းအတိုင်း ပြုလုပ်ပေးခြင်းဟာ ဦးရေပြားယားယံခြင်းနဲ့ ဗောက်ထခြင်းတွေကို သိသိသာသာ သက်သာစေမှာ ဖြစ်ပါတယ်။

(၃) ဆံသားပျော့ပျောင်းစေတယ်

ကြက်ဟင်းခါးသီးကို ကြိတ်ချေထားတဲ့ ကြက်ဟင်းခါးသီးအရည်နဲ့ ဆံသားအနှံ့သုတ်လိမ်းပေးပြီးမှ ခေါင်းလျှော်ပေးခြင်းအားဖြင့် ကြမ်းတမ်းမွဲခြောက်နေတဲ့ ဆံကေသာတွေကို ပြန်လည်ပျော့ပျောင်းလာစေမှာပါ။

(၄) ဆံသားကို နက်မှောင်စေတယ်

ကြိတ်ချေထားတဲ့ ကြက်ဟင်းခါးသီးအရည်နဲ့ အုန်းဆီတို့ကို ရောစပ်ပြီး ခေါင်းမလျှော်ခင် ဆံသားအနှံ့ လိမ်းပေးမယ်ဆိုရင်တော့ ဆံသားကို နက်မှောင်သန်စွမ်းလာစေမှာဖြစ်ပါတယ်။

(၅) ဆံပင်ကျွတ်ခြင်းကနေ သက်သာစေတယ်

ကြိတ်ချေထားတဲ့ ကြက်ဟင်းခါးသီးအရည်နဲ့ ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်တို့ကို ရောစပ်ပြီး ဆံသားတွေကို လိမ်းကျံပေးပြီးမှ ခေါင်းလျှော်ပေးခြင်းအားဖြင့် ဆံပင်ကျွတ်ခြင်းကနေ သိသိသာသာ ပျောက်ကင်းသက်သာစေမှာပါ။

Ref. www.mapsofindia.com

Loading