Health

ကိုယ်ခံအားနည်းတတ်သူတွေ ကျန်းမာအောင် ဘယ်လို နေထိုင်မလဲ

ရာသီဥတုအေးတာနဲ့ မကြာခဏ ဆိုသလို ဖျားနာတတ်တယ်၊ ကူးစက်ရောဂါတွေ ဖြစ်ပွားနေချိန်တွေမှာဆိုရင်လည်း ကိုယ်ခံအားစနစ် အားနည်းတာကြောင့် ကူးစက်ရနိုင်ခြေ များတယ်ဆိုရင်တော့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ခုခံအားစနစ် ကောင်းမွန်အောင် ဂရုစိုက်သင့်နေပါပြီ။ ဒါကြောင့်မို့လို့ ကိုယ်ခံအားနည်းသူတွေအနေနဲ့ ကျန်းမာအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

(၁) မကြာခဏ လက်ဆေးပါ

အပြင်ကပြန်လာတဲ့အချိန်၊ အစားမစားခင်၊ အိမ်သာကနေ ထွက်လာတဲ့အချိန် စတာတွေမှာ လက်ကို စင်ကြယ်စွာ ဆေးကြောသင့်ပြီး ညစ်ပေပြီး ရောဂါပိုးမွှားတွေ ကပ်ငြိနေနိုင်တဲ့ အရာတွေ ကိုင်တွယ်ပြီးချိန်မှာလည်း လက်ကို ဆပ်ပြာအသုံးပြုပြီး သေချာဆေးကြော သန့်စင်ပေးသင့်ပါတယ်။

(၂) အိပ်ရေးဝအောင် အိပ်ပါ

ခန္ဓာကိုယ် ခုခံအားစနစ် ကောင်းမွန်စေဖို့ ဂရုစိုက်သင့်တဲ့ နေထိုင်မှုပုံစံထဲမှာ အိပ်ရေးဝဝ အိပ်ဖို့ကလည်း အရေးကြီးပါတယ်။ အိပ်ရေးဝဝ အိပ်စက်ခြင်းဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေသလို ကူးစက်လွယ်တဲ့ ရောဂါပိုးမွှားတွေကိုပါ ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

(၃) အာဟာရ ပြည့်ဝအောင် စားသုံးပါ

ကိုယ်ခံအားနည်းပြီး မကြာခဏ ဖျားနာလွယ်တတ်သူ တယောက်ဆိုရင်တော့ အသင့်စား အစားအစာတွေ၊ တာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာတွေ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပြီး အာဟာရ ပြည့်ဝတဲ့ အသီးအနှံ၊ အရွက်၊ အသားနဲ့ နို့ထွက်ပစ္စည်းလို အစားအစာမျိုးတွေကို ဂရုစိုက် စားသုံးသင့်ပါတယ်။

(၄) တကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါ

ကိုယ်ခံအားနည်းတတ်သူတွေအနေနဲ့ တခြားသူတွေထက်ပိုပြီး တကိုယ်ရည် သန့်ရှင်းရေးကို ပိုမိုဂရုစိုက်သင့်ပြီး တကိုယ်ရည် အသုံးအဆောင်ပစ္စည်းတွေကိုလည်း တခြားသူတွေနဲ့ မျှဝေသုံးစွဲတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

Ref. symtoms.webmd.com

You may also like these stories:

အသက်ငယ်တဲ့ ကောင်မလေးတွေကို သဘောကျတဲ့ သရုပ်ဆောင် ညိမ်းသော်

သားသမီးပုံတွေကို သတင်းမီဒီယာမှာ တင်ခွင့် မပေးတဲ့အကြောင်း ပြောပြတဲ့ ပြေတီဦး

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းတွေရဲ့ ဝင်ငွေများစွာ ဆုံးရှုံးနေ

Loading