• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

သားသမီးပုံတွေကို သတင်းမီဒီယာမှာ တင်ခွင့် မပေးတဲ့အကြောင်း ပြောပြတဲ့ ပြေတီဦး

by ယုဖြူဟန်
28 January 2020
in Entertainment
A A
သရုပ်ဆောင် ပြေတီဦး / ယုဖြူဟန် / ဧရာဝတီ

သရုပ်ဆောင် ပြေတီဦး / ယုဖြူဟန် / ဧရာဝတီ

6.4k
VIEWS
Share on FacebookShare on Twitter

ပရိသတ်တွေရဲ့ ချစ်ခြင်းများစွာကို ရရှိထားတဲ့ အနုပညာရှင် ဇနီးမောင်နှံဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ ဆိုရှယ်မီဒီယာမှာ သူတို့ရဲ့သားသမီးများရဲ့ဓာတ်ပုံများကို တင်တဲ့အခါ သတင်းမီဒီယာများ ကူးယူဖော်ပြခြင်း မပြုပါရန်လို့ ထည့်သွင်းရေးသားရတာနဲ့ ပတ်သက်ပြီး ပြေတီဦးက အခုလို ပြောပြခဲ့ပါတယ်။

“သတင်းမီဒီယာများမှာ ကူးယူမဖော်ပြရန် မေတ္တာရပ်ခံပါတယ်ဆိုတာကလေ ကျနော်တို့က အူဝဲရဲ့ Page မှာပဲဖြစ်ဖြစ်၊ ကျနော့်ရဲ့အကောင့်မှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့မိတ်ဆွေတွေ အပေါင်းအသင်းတွေ၊ ပရိသတ်တွေပဲ ရှိတာဆိုတော့ ကျနော်တို့က သူတို့ကိုသိစေချင်တဲ့ အကြောင်းအရာလေးတွေ ပျော်စေချင်တာလေးတွေ ဒီလို စိတ်ဆန္ဒနဲ့ တင်လိုက်တာပေါ့”

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
767
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.5k
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
519

“ကျနော်တို့တင်တဲ့ အကြောင်းအရာ၊ ပြောပြချင်တဲ့အကြောင်းအရာက တမျိုးပေါ့။ ဒါကို တချို့မီဒီယာ အသစ်တွေလည်း ရှိတယ်။ ကျင့်ဝတ်နားမလည်တဲ့ မီဒီယာတွေလည်း ရှိတယ်။ အခုလို ကျနော်တို့နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မီဒီယာတွေက ပြောစရာအကြောင်း မရှိဘူး။ ကျနော်တို့ ပေးချင်တဲ့ အဓိပ္ပာယ်နဲ့ ဆန့်ကျင်ဘက် ပရိသတ် အထင်အမြင် လွဲမှားအောင် ခေါင်းစဉ်တင်လို့တော့ အဆင်မပြေဘူးပေါ့”

“အဲဒါကြောင့် ကျနော်တို့အနေနဲ့က ဘယ်မီဒီယာမှာတော့ တင်ပါ၊ ဘယ်မီဒီယာက မတင်ပါနဲ့ဆိုပြီး ခွဲခြားပြီးပြောဖို့က ခက်တယ်လေ။ ဒါကြောင့်မို့ သတင်းမီဒီယာများမှာ ကူးယူဖော်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံပါတယ်ဆိုပြီး ထည့်လိုက်ရတာပေါ့။ ဒီလိုမတင်တော့ ယူယူတင်တဲ့အခါမှာ ခဏခဏ ပရိသတ်နဲ့ အထင်အမြင်လွဲမှားမှုတွေ ဖြစ်တယ်”လို့ ပြေတီဦးက ပြောပါတယ်။

အမျိုးမျိုး ပေါ်ထွက်လာတဲ့ ကျင့်ဝတ် နားမလည်သော မီဒီယာများကြောင့် သားသမီးပုံများကို ကူးယူတင်ခွင့်မပြုတော့ဘဲ ကန့်သတ်လိုက်တာဖြစ်တယ်လို့ ပြေတီဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပြေတီဦးက ရုပ်ရှင်ဇာတ်ကားတကား ရိုက်ကူးနေတာကြောင့် သူ့ရဲ့ Facebook အကောင့်ကို Deactivate လုပ်ခဲ့ပြီး စိတ်မကောင်းစရာ သတင်းများကို ဖတ်တဲ့အခါ စိတ်ထဲစွဲနေမှာ စိုးတာကြောင့် လုပ်ခဲ့တာလို့ သိရပါတယ်။

“Facebook မသုံးဘူးဆိုတာက ကျနော်ရိုက်နေတဲ့ “ငရဲဆို ချိုနဲ့လား” ရုပ်ရှင်က ရိုက်ရက်ကြီးပဲ ၂ လလောက်ကြာတယ်။ ရိုက်ကွင်းပေါ်မှာပဲဖြစ်ဖြစ်၊ ရိုက်ကွင်းမှာပဲဖြစ်ဖြစ်၊ စိတ်မကောင်းစရာ သတင်းတို့၊ ဘာတို့ကဟိုးအရင်ကတော့ ပြဿနာမရှိဘူး။ သတင်းကို သတင်းလိုပဲ ဖတ်လိုက်တာပေါ့”

“အခုကျတော့ သားသမီးတွေ ရလာတော့ ကလေးလေးတွေနဲ့ ပတ်သက်တဲ့ သတင်းပါလာပြီဆိုရင် အရမ်းကို နေလို့ထိုင်လို့ မကောင်းအောင် ခံစားရတယ်။ နေလို့ကို မကောင်းဘူး။ စိတ်ထဲမှာ စွဲနေပြီးတော့ စိတ်ကလေးပြီး တမျိုးကြီးဖြစ်နေရော။ အဲ့လိုဖြစ်ရင် ကိုယ်ရိုက်တဲ့ကားပေါ်မှာ ထိခိုက်မှာစိုးလို့ အကောင့်ကို ပိတ်ထားလိုက်တာပေါ့” လို့ ပြေတီဦးက ပြောပါတယ်။

သားသမီးများကြောင့် စိတ်ခံစားချက်များလည်း ပြောင်းလဲလာခဲ့ပြီး ကလေးများနဲ့ ပတ်သက်တဲ့ သတင်းများ ဖတ်မိတဲ့အခါမှာ ရုပ်ရှင်ရိုက်ကူးမှုကိုပါ ထိခိုက်စေနိုင်တာကြောင့် ဆိုရှယ်မီဒီယာကို မသုံးဖြစ်တာလို့ ပြေတီဦးက ဆိုပါတယ်။

သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကတော့ “ပြေသုဒြာ” နဲ့ “ပြေဓီရ” ဆိုတဲ့ ချစ်စရာကောင်းတဲ့ သားနဲ့ သမီးကို ပိုင်ဆိုင်ထားပါတယ်။

You may also like these stories:

“ဇနီးဟောင်းထက် ချစ်သူ Jessie J က ပိုလှတယ်”လို့ မင်းသား Channing Tatum ဆို

ပြသနေဆဲ “Crash Landing on You” ဒရာမာမှာ ဘယ်လို ဇာတ်ဝင်ခန်းတွေ ပါဝင်လာမလဲ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းတွေရဲ့ ဝင်ငွေများစွာ ဆုံးရှုံးနေ

Your Thoughts …
Tags: ပြေတီဦးသားသမီးပုံ
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

အိန္ဒြာကျော်ဇင်သည် ရုပ်အဆင်းရူပကာ လှပတင့်တယ်ရုံမျှမက အနုပညာ အရည်အသွေးလည်း ပြည့်ဝသူ ဖြစ်သည် / ဧရာဝတီ

ပြည်သူချစ်သော အကျဉ်းစံ မင်းသမီး အိန္ဒြာကျော်ဇင်

by ဧရာဝတီ
30 January 2022
5.5k

အိန္ဒြာကျော်ဇင်သည် ခင်ပွန်းဖြစ်သူ ပြေတီဦးနှင့်အတူ ပြီးခဲ့သည့်နှစ် ဧပြီလ ၉ ရက်နေ့က စစ်ကောင်စီ၏ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

သရုပ်ဆောင် ပြေတီဦး

အသက် ၄၀ ပြည့်သွားပြီ ဖြစ်တဲ့ သရုပ်ဆောင် ပြေတီဦး

by ယုမွန်ကျော်
30 November 2018
15.5k

ပြေတီဦးက အခုချိန်မှာတော့ "ပြေသုန္ဒြာ"လို့ခေါ်တဲ့သမီးတဦးနဲ့ "ပြေဓိရ" လို့ခေါ်တဲ့သားတဦးရဲ့ ဖခင်လည်းဖြစ်နေပါပြီ။

စစ်ကောင်စီက ရုပ်ရှင်ရုံများ ပြန်ဖွင့်သော်လည်း ကြည့်သူမရှိ ဖြစ်နေသည့် ရန်ကုန်မြို့မှ သမ္မတရုံမြင်ကွင်း  / CJ

ကြည့်သူမရှိသဖြင့် ရုပ်ရှင်ရုံအချို့ ယာယီပိတ်ထားရ

by ဧရာဝတီ
6 May 2022
19.5k

လူမဝင်တော့ တချို့က စရိတ်မကာမိဘူး။ အဲဒါကြောင့် ရုံအချို့ ပိတ်လိုက်တာ။ Paradiso ရုပ်ရှင်ရုံအချို့လည်း ပိတ်ထားတယ် ကြားတယ်။ အခုက အခြေအနေ မကောင်းဘူး။ နောက် ပိုင်တံခွန်ကားကို မျှော်လင့်ပြီး စောင့်ကြည့် တာပေါ့။ ပိုင်တံခွန်ကား ပြီးသွားရင်တော့...

ပြန်လည်လွတ်မြောက်လာသည့် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊  ပိုင်တံခွန်နှင့် ဆက်လက်အကျဉ်းချ ခံထားရသည့် စောဖိုးခွား၊ ပိုပို၊ ရဲတိုက်၊

အနုပညာရှင်အချို့ ပြန်လွတ်မြောက်သော်လည်း စောဖိုးခွား၊ ပိုပိုနှင့် ရဲတိုက်တို့ မပါသေး

by ဧရာဝတီ
2 March 2022
9.6k

အင်းစိန်ထောင်တွင်း ပုဒ်မ ၅၀၅-က နှင့် ပုဒ်မ ၁၇ (၁) တို့ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ကျခံနေရသည့် Beauty Blogger ဝင်းမင်းသန်းမှာ ပုဒ်မ ၅၀၅-ကဖြင့် ကျခံနေရသည့် ပြစ်ဒဏ်များအပေါ် လွတ်ငြိမ်းခွင့်ပြုခဲ့သော်လည်း...

ဒါရိုက်တာ ညိုမင်းလွင် ၊ သရုပ်ဆောင် ပြေတီဦး

သူငယ်ချင်း ပြေတီဦးနဲ့ အမှတ်တရတွေအကြောင်း ပြောပြတဲ့ ဒါရိုက်တာ ညိုမင်းလွင်

by ချစ်ပိုး
5 September 2019
5.6k

"ကျနော်တို့ အချင်းချင်း စနောက်လို့ စိတ်ဆိုးသွားရင် ဆိုးတဲ့သူ အလွန်ပဲ။ အရင်တုန်းကတော့ သူလည်း ဘာမှ မဟုတ်သေးဘူး။ ကျနော်လည်း ဘာမှ မဟုတ်သေးဘူး။

သရုပ်ဆောင် ပြေတီဦး  / ဧရာဝတီ

အပြင်မှာလည်း သရဲမကြောက်တတ်တဲ့ သရုပ်ဆောင် ပြေတီဦး

by ချစ်ပိုး
16 October 2018
31.5k

"သရဲကားက ကျနော် သိပ်မရိုက်ဖြစ်ဘူး။ ကိုညိုမင်းလွင်ရိုက်တဲ့ ညကျောင်းတုန်းကလည်း သရဲခြောက်တာမျိုးတော့ မဟုတ်ဘူး။ တစ္ဆေပါလာပြီ ဇာတ်ကားကိုကြည့်ရင်းနဲ့ ကြက်သီးတွေထတယ်။

Next Post
သရုပ်ဆောင် ညိမ်းသော်  /  ချစ်ပိုး / ဧရာဝတီ

အသက်ငယ်တဲ့ ကောင်မလေးတွေကို သဘောကျတဲ့ သရုပ်ဆောင် ညိမ်းသော်

ခန္ဓာကိုယ် ကျန်းမာရေးအတွက် ခုခံအားစနစ် ကောင်းမွန်အောင် ဂရုစိုက်သင့်ပါတယ်။

ကိုယ်ခံအားနည်းတတ်သူတွေ ကျန်းမာအောင် ဘယ်လို နေထိုင်မလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate