• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းတွေရဲ့ ဝင်ငွေများစွာ ဆုံးရှုံးနေ

by ညီညီသူ
28 January 2020
in Travel
A A
တရုတ်ခရီးသွားများ

တရုတ်ခရီးသွားများ

5.6k
VIEWS
Share on FacebookShare on Twitter

ကပ်ဘေးလို အရာမျိုးဖြစ်လာရင် လူတွေရဲ့အသက်အိုးအိမ် စည်းစိမ်တွေသာမက ဝင်ငွေလည်းများစွာ ထိခိုက် ဆုံးရှုံးရလေ့ ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက်ပိုင်းမှာတော့ တရုတ်အစိုးရက မြို့တော်တော်များများကို ခရီးသွားလာခွင့် ပိတ်ပင်ခဲ့သလို လေကြောင်းလိုင်းတွေကလည်း နေ့စဉ် ပုံမှန် ပျံသန်းနေတဲ့ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ကြပါတယ်။ ဒီလိုဆောင်ရွက်လိုက်တာကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေမှုကို ဟန့်တားနိုင်ဖို့ အတွက်ပါ။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
766
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.5k
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
519

တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံတော်တော်များများကိုလည်း ကူးစက်ခဲ့ပြီးပါပြီ။ ဒါကြောင့်လည်း သက်ဆိုင်ရာ အစိုးရက ရောဂါထိန်းချုပ်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကြီးကြီးကျယ်ကျယ် ဖြစ်ပွားနေချိန်ဟာ တရုတ် နှစ်သစ်ကူးပွဲတော်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ တရုတ်နှစ်သစ်ကူး ပွဲတော်အတွင်း တရုတ်လူမျိုး အများအပြား ခရီးထွက်လေ့ ရှိကြပါတယ်။ ဒီတနှစ် တရုတ်နှစ်သစ်ကူး ပွဲတော်ကတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့သာ ပြီးဆုံးသွားမယ့် အခြေအနေမျိုးပါ။

နိုင်ငံတကာအနေနဲ့လည်း တရုတ်နိုင်ငံက လာရောက်ကြမယ့် ခရီးသွား ဧည့်သည်တွေကို သတိကြီးစွာ ထားပြီး စစ်ဆေးမှုတွေ လုပ်နေပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူနိုင်ငံတို့ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြီးသွားပြီ။ မြန်မာနိုင်ငံမှာ သံသယရှိသူ တချို့တွေ့ထားတယ်လို့ သိရပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ တရားဝင်ကြေညာတာမျိုး မရှိသေးပါဘူး။

တရုတ်နှစ်သစ်ကူး ပွဲတော်လို အချိန်မျိုးမှာ တရုတ်နိုင်ငံသား အများစုက အရှေ့တောင်အာရှနိုင်ငံတွေဆီကို အလည်အပတ်ခရီး လာလေ့ ရှိပါတယ်။ ဒီတနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်က ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေကို ဝင်ငွေဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ဆိုရင်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝင်ငွေဘတ် ၈၀ နဲ့ ၁၀၀ ဘီလီယံကြား ထိခိုက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ အဓိက ဆုံးရှုံးရတာကတော့ ခရီးသွားလုပ်ငန်းတွေကနေ ပုံမှန်ရရှိနေတဲ့ ဝင်ငွေတွေပါ။

ထိုင်းကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ Thanavath Phonvichai ကလည်း ကိုရိုနာဗိုင်းရပ်စ်ဟာ ထိုင်းနိုင်ငံရဲ့စီးပွားရေးကို သွယ်ဝိုက်ပြီးတော့သော်လည်းကောင်း၊ တိုက်ရိုက်အားဖြင့်သော်လည်းကောင်း ထိခိုက်မှုတွေ ဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။

တိုက်ရိုက် ထိခိုက်တာကတော့ တရုတ်ခရီးသွားတွေဆီက ပုံမှန်ရနေတဲ့ဝင်ငွေ ဆုံးရှုံးရတာပါ။ အခု အခြေအနေအတိုင်းဆိုရင် တရုတ်နိုင်ငံမှာ ပိတ်ထားတဲ့မြို့တွေကို တော်တော်နဲ့ ပြန်ဖွင့်ပေးဖို့ အခြေအနေ မရှိသေးပါဘူး။ ရောဂါ ထိန်းချုပ်နိုင်ပြီဆိုမှသာ ခရီးသွားလာခွင့်တွေ ပြန်ရမှာဖြစ်တဲ့အတွက် အဲဒီအချိန်ထိဆိုရင် ပုံမှန်ရနေတဲ့ ဝင်ငွေတွေ အများကြီးဆုံးရှုံးစရာ ရှိနေပါတယ်။

ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ လေကြောင်းလိုင်း၊ ဧည့်လမ်းညွှန်၊ ဟိုတယ်၊ စားသောက်ဆိုင်တွေရဲ့ ဝင်ငွေကလည်း ပိုပြီး ဆုံးရှုံးလာနိုင်စရာ ရှိတယ်လို့ မစ္စတာ Thanavath က ပြောပါတယ်။ ဒီအခြေအနေမျိုး ကြုံနေရတာ ထိုင်းနိုင်ငံ တနိုင်ငံတည်းတော့ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း ဒီပြဿနာမျိုး ကြုံနေရတာကို တွေ့ရပါတယ်။

Ref: Bangkokpost

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသော နိုင်ငံများတွင် မြန်မာနိုင်ငံ မပါဝင်သေး

ကိုရိုနာဗိုင်းရပ်စ်နဲ့ အိန္ဒိယ – မြန်မာ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ ကူးစက်မြန် ရောဂါဆန်း

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ဟောင်ကောင် Disneyland နဲ့ Ocean Park ပိတ်ထားရ

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်ခရီးသွားလုပ်ငန်းဝင်ငွေ ဆုံးရှုံး
ညီညီသူ

ညီညီသူ

Similar Picks:

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.2k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

by ဧရာဝတီ
3 October 2023
10.5k

အနောက်တိုင်းခရီးသည် မရှိသလောက်ပင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် ကိုယ်စားလှယ်များက ပြောသည်။

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

by Jonathan Head
14 February 2025
8.6k

ယာထိုင်ကုမ္ပဏီသည် BBC သတင်းဌာနကို ဖိတ်ခေါ်သည်။

အရှုံးပေါ် ဟိုတယ်များ ထုတ်ရောင်းလာကြ

အရှုံးပေါ် ဟိုတယ်များ ထုတ်ရောင်းလာကြ

by ဧရာဝတီ
21 October 2023
6.7k

ဆီဒိုးနားဟိုတယ်ကို ပိုင်ဆိုင်သည့် စင်ကာပူအခြေစိုက် Keppel Corporation က အခြား စင်ကာပူလုပ်ငန်းစု တခုဖြစ်သော Spring Blossom Venture ထံသို့ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် အပြီးသတ် ရောင်းချ

မြန်မာ ခရီးသွားလုပ်ငန်း ဘေးကင်းလုံခြုံသတဲ့လား

မြန်မာ ခရီးသွားလုပ်ငန်း ဘေးကင်းလုံခြုံသတဲ့လား

by မောင်ကဝိ
13 January 2025
4.7k

တကယ်တော့ စစ်ကောင်စီအောက်မှာ မြန်မာက မြို့ကြီး မြို့ငယ်တွေဟာ နိုင်ငံတကာခရီးသွားတွေ အတွက်သာမက ဒေသခံတွေအတွက်ပါ မလုံမခြုံ ဖြစ်နေပါတယ်။

တရုတ်ကလေးငယ်များ မြန်မာတွင် ပိတ်လှောင်ထားခံရ

တရုတ်ကလေးငယ်များ မြန်မာတွင် ပိတ်လှောင်ထားခံရ

by ဧရာဝတီ
24 August 2023
3.6k

"ကျနော့်ကလေးက ရဲကိုမတိုင်နဲ့၊ တိုင်ရင် သူတို့ ဒုက္ခရောက်မယ်လို့ ပြောတယ်"

Next Post
သရုပ်ဆောင် ပြေတီဦး / ယုဖြူဟန် / ဧရာဝတီ

သားသမီးပုံတွေကို သတင်းမီဒီယာမှာ တင်ခွင့် မပေးတဲ့အကြောင်း ပြောပြတဲ့ ပြေတီဦး

သရုပ်ဆောင် ညိမ်းသော်  /  ချစ်ပိုး / ဧရာဝတီ

အသက်ငယ်တဲ့ ကောင်မလေးတွေကို သဘောကျတဲ့ သရုပ်ဆောင် ညိမ်းသော်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate