Jovago မှ ချင်းပြည်နယ်တွင် ခရီးသွားလာမှု ပိုမိုဖွံ့ဖြိုးမှုရလာစေရန်အတွက် ချင်းပြည်နယ်အတွင်းရှိ ဟိုတယ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားတော့မှာပါ။
ချင်းပြည်နယ်သို့ ပြည်တွင်းပြည်ပခရီးသွားလာမှုများမြင့်တက်လာပြီးနောက် Jovago အနေဖြင့် ချင်းပြည်နယ်ရှိ ဟိုတယ်များနှင့် ချိတ်ဆက်ရန် ဆောင်ရွက်ပေးလာခြင်းလည်းဖြစ်ပါတယ်။
“ချင်းပြည်နယ်မှာရှိတဲ့ ဟိုတယ်တွေကို ခရီးသွားလို့ကောင်းတဲ့နေရာတစ်ခုဖြစ်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဟိုတယ်တွေအားလုံးနဲ့လက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အားလုံးကိုလည်း အကြောင်းကြား ထားပြီးဖြစ်ပါတယ် “ လို့ Jovago ရဲ့မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Mr. Hugo Schleicher က ပြောခဲ့ပါတယ်။
မကြာသေးခင်ကမှ ချင်းပြည်နယ်ကို တရားဝင်ခရီးစဉ်များစတင်လာပြီးနောက် ကန်ပက်လက်မြို့၊ နတ်မတောင်၊ ချင်းတောင်တန်းပေါ်ရှိ ရှာလ်လုမ်းခံတပ်၊ ကနေဒီတောင်၊ တီးတိန်လွင်ပြင်ဒေသနှင့် ရိဒ်ရေကန်များဟာ အများဆုံးသွားရောက်ကြတဲ့နေရာများ ဖြစ်လာတာပါ။
ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ရှာဖွေတူးဖော်အသုံးပြုရသေးခြင်းမရှိသေးသော သဘာဝအလှတရားများနှင့် ပြည့်စုံတဲ့ ဒေသတစ်ခုဖြစ်ပြီး ချင်းပြည်နယ်(တောင်ပိုင်း) ရှိ နတ်မတောင် အမျိုးသားဥယျာဉ်ဟာလည်း အာဆီယံယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖြစ်ပါတယ်။ ချင်းပြည်နယ်ရဲ့ထင်ရှားတဲ့နေရာတစ်ခုဖြစ်တဲ့ အသည်းပုံသဏ္ဌာန်ရှိ ရိဒ်ရေကန်ကလည်း မသွားမဖြစ်သွားရောက်ရမယ့် နေရာတစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် ချင်းပြည်နယ်သို့ ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှုဟာ ပိုမို မြင့်တက်လာနေကြောင်းလည်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အချက်အလက်တချို့အရ သိရပါတယ်။ လက်ရှိမှာ ချင်းပြည်နယ် တောင်ပိုင်း ကန်ပက်လက်၌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ လိုင်စင်ရဟိုတယ်သုံးလုံးနဲ့ အခြား ဟိုတယ်လုပ်ငန်းဆောင်ရွက်နေတဲ့ ဟိုတယ်များ အတန်သင့်ရှိနေပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမှုကြောင့် ထပ်မံဆောက်လုပ်ရန် ဟိုတယ်များလည်းရှိနေပါတယ်။
အခုကဲ့သို့ ခရီးသွားများ စိတ်ဝင်စားမှုမြင့်တက်လာခြင်းကြောင့် Jovago အနေဖြင့် ချင်းပြည်နယ်ရှိ ဟိုတယ်များနှင့် ချိတ်ဆက်နိုင်ရေးအတွက် ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
ချင်းပြည်နယ်အနေဖြင့် အိန္ဒိယနိုင်ငံအရှေ့ဖျားပိုင်းပြည်နယ်များနဲ့ ဆက်သွယ်သွားလာမှုများရှိသည့် အတွက်လည်း နယ်စပ်ဖြတ်ကျော် ခရီးသွားလာလိုသူများအတွက် စိတ်ဝင်စားစရာနေရာဖြစ်ပါတယ်။
Jovago ကို ၂၀၁၃ ခုနှစ်တွင် အာရှ-ပစိဖိတ်အင်တာနက် အုပ်စုမှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး Rocket Internet နှင့် Ooredoo တို့က အဓိက ရင်းနှီးမြှုပ်နှံထားတာလည်းဖြစ်ပါတယ်။