စိတ်ပင်ပန်းမှုတွေကို ပြေလျော့စေဖို့ ၊ နေ့စဉ် လူမှုရေး၊ စီးပွားရေးတွေကို ခဏတာမေ့ဖျောက်ပြီး အတွေးအမြင်သစ် တွေ ရရှိနိုင်ဖို့ ခရီးထွက်ကြတာပါ။ တခါတလေမှာ အတူသွားတဲ့ခရီးဖော်ကြောင့် စိတ်ပင်ပန်းတာတွေ မပြေပျောက်ဘဲ ပိုပြီးစိတ်ညစ်ရတဲ့ အခိုက်အတန့်မျိုးတွေလည်း ကြုံဖူးကြမှာပါ။
ဒါကြောင့်မို့လို့ ခရီးသွားတဲ့အခါ ဘယ်လိုလူမျိုးတွေနဲ့ ခရီးအတူမထွက်သင့်ဘူးလဲဆိုတာကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။
(၁) ဇီဇာကြောင်လွန်းသူများ
စနစ်တကျရှိတာနဲ့ ဇီဇာကြောင်တာမျိုးက မတူပါဘူး။ ခရီးသွားတဲ့အခါ တည်းခိုတဲ့နေရာနဲ့ ပတ်သက်ပြီး ဇီဇာကြောင် လွန်းတာ၊ လည်ပတ်တဲ့နေရာ၊ အစားအသောက် စတာတွေကို စိတ်တိုင်းမကျဘဲ တခုခုဆို အလွန်အကျူး အစီအစဉ်တကျ ဖြစ်စေချင်တဲ့ ဇီဇာကြောင်လွန်းသူတွေနဲ့ ခရီးထွက်ဖြစ်မယ်ဆိုရင်တော့ စိတ်အနှောင့်အယှက်ဖြစ်ရမှာ အသေအချာပါပဲ။
(၂) အစားအသောက် ရွေးလွန်းသူများ
နေရာအသစ်တခုခုကို ခရီးထွက်တဲ့အခါ အဲဒီနေရာဒေသမှာရရှိနိုင်တဲ့ အစားအစာမျိုးကို ရောက်တဲ့နေရာမှာ အဆင်ပြေသလို စားရမှာပါ။ ဒီလိုမှမဟုတ်ဘဲ အမြဲလိုလို စနစ်တကျ ပြင်ဆင်ပြီး မရနိုင်တဲ့ အစားအစာမျိုးတွေကို တောင့်တရွေးချယ်နေမယ်ဆိုရင်တော့ သင်ကိုယ်တိုင်ပါ စိတ်ပင်ပန်းရမှာပါ။
(၃) ညည်းညူလွန်းသူများ
ခရီးသွားနေတုန်းတလျှောက်မှာ တချိန်လုံး ဒါမှမဟုတ် မကြာခဏဆိုသလို ပင်ပန်းလိုက်တာ၊ အိပ်ချင်လိုက်တာ၊ အိမ်ပဲပြန်ချင်နေပြီ စသဖြင့် ညည်းညူနေမယ်ဆိုရင်တော့ ခရီးအတူထွက်မိသူပါ လည်ပတ်သွားလာရမှာကို စိတ်ကုန်မိမှာ အသေအချာပဲ ဖြစ်ပါတယ်။
(၄) ဘယ်နေရာရောက်ရောက် အရက်သောက်ဖို့ ကြိုးစားနေသူများ
ဒါကတော့ ကြုံဖူးတဲ့လူတွေလည်း ရှိကြမှာပါ။ ခရီးသွားတယ်ဆိုတာဟာ အရက်သောက်ပြီး ဟိုတယ်မှာ ပြန်အိပ်နေဖို့ မဟုတ်ပါဘူး။ နည်းနည်းပါးပါး သောက်တာမျိုးမဟုတ်ဘဲ ရောက်တဲ့နေရာမှာ အရက်သောက်ဖို့ အမြဲစီစဉ်ကြိုးစားနေတာကတော့ ခရီးထွက်ခြင်းရဲ့ အရသာကို အပြည့်အဝ ခံစားနိုင်မှာ မဟုတ်ပါဘူး။
(၅) စုံတွဲများ
စုံတွဲတွေနဲ့ ခရီးသွားရတဲ့အခါ ခံစားရတဲ့ဒုက္ခကို ကြုံဖူးသူတွေလည်း ရှိကြမှာပါ။ ခရီးသွားရင်း ဒီစုံတွဲကို ဓာတ်ပုံရိုက်ပေးရ၊ တယောက်နဲ့တယောက် ရန်ဖြစ်စကားများကြတဲ့အခါ ဘေးကနေ ဖျန်ဖြေပေးရတာနဲ့ ခရီးသွားရင်း ခံစားရတဲ့ သဘာဝအလှအပတွေကိုပါ မခံစားနိုင် ဖြစ်သွားရနိုင်ပါတယ်။
Ref. www.traveller.com
You may also like these stories:
မိုးရာသီမှာ ခရီးသွားမယ်ဆို သိထားသင့်တဲ့အချက် ၇ ချက်
ခရီးသွားတဲ့အခါ ရှောင်ကြဉ်သင့်တဲ့ အစားအစာများ
ဟိုတယ်အခန်း ကြိုတင် ငှားရမ်းတဲ့အခါ သိထားရမယ့် အချက်များ
ကားမူးတတ်သူတွေအတွက် အသုံးတည့်စေမယ့် နည်းလမ်း ၅ မျိုး