စာရေးသူတို့ နေ့စဉ်ဘဝမှာ အသုံးပြုနေတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို နည်းလမ်း အမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်။ အဲ့လို အသုံးပြုတဲ့နေရာမှာ လူတော်တော်များများက သတိမထားမိဘဲ မှားယွင်းစွာပြုလုပ်လေ့ ရှိကြပါတယ်။
ဥပမာ – သံဗူးနဲ့ ပြုလုပ်ထားတဲ့ ဖျော်ရည်တွေကို သောက်တဲ့အခါ ဖောက်တဲ့နေရာမှာ ရှိတဲ့ အဖုံးမှာ အကွင်းလေးတခု ပါတာဟာ ပိုက်ထည့်သောက်ဖို့ ဖြစ်ပါတယ်။ ဒါကိုတော့ လူတိုင်းသိပြီး ဖြစ်မှာပါ။ ဒီတခါမှာ ဒီလို အသေးအမွှားပစ္စည်းလေးတွေကို နည်းလမ်းမှန်မှန် အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်
(၁) Choco Pie
Choco Pie လို့ ခေါ်တဲ့ မုန့်လေးကို ကျောင်းတက်တဲ့ အရွယ်ကတည်းက ဝယ်စားဖူးကြမှာပါ။ အဲဒီမုန့်ကို စားနည်း အမှန်ကတော့ မိုက်ခရိုဝေ့ဖ်ထဲ ထည့်ပြီး နွှေးရတာပဲ ဖြစ်ပါတယ်။ ဒါမှသာ မုန့်အထဲမှာ ပါတဲ့ Marshmallo တွေဟာ အရည်ပျော်သလို ဖြစ်ပြီး နူးနူးညံ့ညံ့နဲ့ စားလို့ ကောင်းလာမှာ ဖြစ်ပါတယ်။ Choco Pie ကို ရိုးရိုးစားတာထက် နွှေးပြီးစားတာက သုံးဆ ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။
(၂) မှိုဆေးနည်း
မှိုတွေဟာ မြေကြီးနားမှာ ကပ်ပြီး ပေါက်တာဖြစ်လို့ အမြဲ မြေကြီးတွေနဲ့ လူးနေတတ်ပါတယ်။ ဒါကြောင့် ရေကို သေချာဆေးလေ့ ရှိတာပါ။ ဒါပေမဲ့ မှိုကို ရေနဲ့ ဆေးတာဟာ မှိုကိုပျက်စီးစေပါတယ်။ နည်းလမ်းကောင်းတခုကတော့ အဝတ်စတခုကို ရေစွတ်ပြီး မှိုကိုသုတ်ပေးဖို့ပါပဲ။ ဒီလိုနည်းနဲ့ သန့်ရှင်းရေးလုပ်ပေးခြင်းအားဖြင့် မှိုဟာ မူလ အနံ့အရသာအတိုင် းရှိနေမှာ သေချာပါတယ်။
(၃) ငှက်ပျောသီး မပုပ်အောင် ထိန်းသိမ်းနည်း
ငှက်ပျောသီးကို ရေခဲသေတ္တာထဲမှာထားရင် ပုပ်သွားတာကို ကြုံဖူးပါသလား။ ဒီလို ဖြစ်လို့ အပြင်မှာ ထားပြန်ရင်လည်း ငှက်ပျောသီးတွေက အမှည့်လွန်သွားတတ်ပါတယ်။ ဒီလိုတွေ မဖြစ်ရအောင် ကာကွယ်ရမယ့် နည်းလမ်းကတော့ ငှက်ပျောသီးအခိုင်ဖက်မှာ ရှိတဲ့ နေရာကို ပလက်စတစ်နဲ့ ထုတ်ထားပြီး ရေခဲသေတ္တာထဲ ထည့်ဖို့ပါ။
ဒါဆိုရင် ပြန်ထုတ်စားတဲ့ အချိန်မှာ ငှက်ပျောသီးဟာ သင်ထည့်ထားသလို ပုံစံအတိုင်းပဲ ဖြစ်နေမှာ သေချာပါတယ်။ ငှက်ပျောသီးကို သတင်းစာ စက္ကူနဲ့ ထုတ်ပိုးပြီး ရေခဲသေတ္တာထဲ ထည့်တဲ့ နည်းလမ်းကိုလည်း အသုံးပြုနိုင်ပါတယ်။
(၄) ဒယ်အိုးဆေးခြင်း
ချိုး(ဂျိုး) ကပ်နေတဲ့ ဒယ်အိုးကို ဆေးရတဲ့ ဒုက္ခက မသေးဘူးဆိုတာ အိမ်ရှင်မတွေ အသိဆုံးဖြစ်မှာပါ။ ဒီလို ပြဿနာက ကင်းဝေးချင်တယ်ဆိုရင် ညစ်ပေနေတဲ့ ဒယ်အိုးထဲကို ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားလိုက်ပါ။ ရေပွက်လာရင် ရှာလကာရည် အနည်းငယ်ရောပြီး ထားလိုက်မယ်ဆိုရင် ချိုး(ဂျိုး)တွေ အားလုံးကွာကျပြီး ဆေးရပြုရ လွယ်ကူသွားတာကို တွေ့ရပါလိမ့်မယ်။
(၅) ရေခဲမုန့် စားနည်း
ရေခဲမုန့်ကို ဆိုင်မှာ မစားဘဲ ဘူးလိုက် အိမ်မှာ ဝယ်စားတဲ့အခါ တဘူးလုံးကို တခါထဲ ကုန်အောင်စားဖို့ ဆိုတာ ခက်ပါတယ်။ စားပြီးသားကို ရေခဲသေတ္တာထဲ ပြန်ထည့်ရင်လည်း အရသာက ဝယ်ခါစလောက် မကောင်းတော့ပါဘူး။ ဒီလို မဖြစ်ရလေအောင် ဝယ်လာတဲ့ ရေခဲမုန့်ကို အလျားလိုက် လှီးပြီး စားဖို့ အကြံပေးချင်ပါတယ်။
သင်စားနိုင်သလောက် စားပြီးလို့ ကျန်တဲ့ ရေခဲမုန့်ကို ပလက်စတစ်နဲ့ ပြန်ပိတ်ပြီး ရေခဲသေတ္တာထဲ ပြန်ထည့်ထားရင် မူလအရသာကိုပဲ ပြန်ရမှာ သေချာပါတယ်။
Ref ; brightside