ရာသီဥတု ပူပြင်းခြင်း၊ ရေဓာတ်လွန်ခြင်းနဲ့ လေ့ကျင့်ခန်း ပြုလုပ်ခြင်းတွေကြောင့် ချွေးထွက်တာတွေ အနံ့ဆိုးထွက်တာတွေ ဖြစ်တတ်ပါတယ်။ ခရမ်းချဉ်သီး၊ ကော်ဖီ စတာတွေက ခံတွင်းနံ့ဆိုးတွေကို ပြေစေနိုင်ပါတယ်။ အဲဒီလိုပဲ အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေက အနံံ့ဆိုးတွေကို ဖယ်ရှားပေးမယ့် အရာတွေကို ဖော်ပြလိုက်ပါတယ်။
(၁) အုန်းဆီ
သင့်ရဲ့ ခန္ဓာကိုယ်ကို မွှေးပျံ့တဲ့ အနံ့တွေပေးနိုင်တဲ့ အကောင်းဆုံးအရာကတော့ အုန်းဆီပါ။ အုန်းဆီမှာ အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်တဲ့ အက်ဆစ်ဓာတ်တမျိုး ပါဝင်တာကြောင့် ရေချိုးပြီးတိုင်း ဒါမှမဟုတ် တနေ့ နှစ်ကြိမ်လောက် အနံ့ဆိုးထွက်တဲ့ နေရာတွေကို လိမ်းပေးသင့်ပါတယ်။
(၂) သံပရာသီး
သံပရာသီးဟာလည်း ခန္ဓာကိုယ်ရဲ့ ကြိုကြားတွေမှာ ဖြစ်လေ့ရှိတဲ့ အနံ့ဆိုးတွေကို ပျောက်စေနိုင်တဲ့ အသီးတမျိုးဖြစ်ပါတယ်။ အနံ့ဆိုးထွက်စေတဲ့ ဘတ်တီးရီးယားတွေကို သေစေနိုင်တာကြောင့် ခံတွင်း အနံ့ပျောက်အောင်လည်း သံပရာသီးကို အသုံးပြုနိုင်ပါတယ်။ သံပရာသီးကို ဖျော်ပြီး မနက် အိပ်ရာထချိန်မှာ သင့်အစာအိမ်က ခံနိုင်ရည်ရှိတဲ့ ပမာဏလောက်ကို သောက်ပေးခြင်းက ကိုယ်ခန္ဓာလှပစေပြီး ခံတွင်းနံ့ ကင်းစေပါတယ်။
ခြေထောက်တွေ နံတဲ့အခါမျိုးမှာ သံပရာသီးကို ခြေထောက်ပေါ် ညှစ်ချပြီး အရည်တွေ ခြောက်သွားတဲ့ အထိ ခဏစောင့်လိုက်ပါ။ အားလုံးခြောက်သွားတဲ့အခါမှ ရေချိုးလိုက်ရင် ခြေထောက်အနံ့ နံတာတွေ တဖြည်းဖြည်း လျော့နည်းလာပါလိမ့်မယ်။
(၃) ဂျုံမြက်နု
ဂျုံမြက်နုကို ဖျော်ပြီးသောက်မယ်ဆိုရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် C, B12, B6 တို့အပြင် ဖောလစ်အက်ဆစ်နဲ့ ပရိုတင်းဓာတ်တွေကို ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျုံမြက်နုဟာ Antioxidant လည်း ပါဝင်တာကြောင့် အနံ့ဆိုးထွက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
(၄) နံနံပင်
နံနံပင်ဟာ အနံ့ဆိုးထွက်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံး အရာတခုပါ။ ကလိုရိုဖီးပါဝင်မှု မြင့်မားပြီး မွှေးရနံ့ကို ထုတ်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေရှိတဲ့ နံနံပင်ကို နေ့စဉ်စားမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ နေထိုင်နေတဲ့ အနံ့ဆိုးထုတ် ဘတ်တီးရီးယားတွေကို သေစေနိုင်မှာ ဖြစ်ပါတယ်။
Ref ; brightside