အမျိုးသမီးသီးသန့်ပညာရေးကို ထောက်ပံ့ပေးမယ့် ပန်ဂျပ်အစိုးရ
ပြည်နယ်အစိုးရအနေနဲ့ ပန်ဂျပ်ပြည်နယ်တွင်းက အမျိုးသမီးများကိုရည်ရွယ်တဲ့ အခမဲ့ပညာရေးစနစ်တခုထောက်ပံ့ပေးဖု့ိ ဆုံးဖြတ်ချက်ချခဲ့ပြီပဲဖြစ်ပါတယ်။ အခမဲ့ပညာရေးစနစ်မှာတော့ သူနာပြုသင်တန်းကစလို့ PhD အဆင့်အထိ အကျုံးဝင်တာ ဖြစ်ပြီး ၂၀၁၇ခုနှစ်ကတည်းက အခုအစီအစဉ်အကောင်အထည်ပေါ်လာဖို့ လုပ်ဆောင်နေခဲ့ကြတာလည်းဖြစ်ပါတယ်။
လေ့လာနေတဲ့ ဘာသာရပ်နဲ့ပတ်သက်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ်တွေကို ကျောင်းသူတွေအနေနဲ့ အခမဲ့ရယူနိုင်မှာ ဖြစ်သလို Online မှာလည်း အခမဲ့ ရရှိနိုင်အောင် ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။
ဝန်ကြီးချုပ် Amarinder Singh ဟာ ရွေးကောက်ပွဲကာလမှာ သူသာ အနိုင်ရခဲ့မယ်ဆိုရင် ပန်ချပ်မှာနေထိုင်တဲ့ အမျိုးသမီးတိုင်း အခမဲ့ပညာရေးစနစ်ကို ရရှိစေရမယ်လို့ ကတိပေးခဲ့ဖူးတာဖြစ်ပြီး အခုအချိန်မှာ အကောင်အထည်ဖော်ဆောင်ရွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မဲဆွယ်ကာလမှာ နောက်ထပ် သူပေးခဲ့တဲ့ ကတိတခုကတော့ စာသင်ကျောင်းတိုင်းနဲ့ အစိုးရကောလိပ်တွေမှာ Wifi ထားရှိပေးဖို့ဖြစ်ပါတယ်။ ပန်ဂျပ်ပြည်နယ်ရဲ့ ပညာရေးအခြေအနေဟာ ၇၅.၈၄% ရှိပြီး အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို နှိုင်းယှဉ်ရာမှာတော့ အမျိုးသားတွေသာ ပညာသင်ကြားခွင့်ကို ပိုမိုရရှိနေတာဖြစ်တယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထား ပါတယ်။
အိန္ဒိယတနိုင်ငံလုံးအတိုင်းအတာအနေနဲ့လည်း အမျိုးသား၊ အမျိုးသမီးကြား ပညာသင်ကြားခွင့်ဟာ ကွာဟမှုရှိနေတာ ဖြစ်တဲ့အတွက်ကြောင့် ပန်ဂျပ်ပြည်နယ်ကနေ အစပြုလို့ တန်းတူပညာသင်ကြားမှုကို ဖော်ဆောင်တဲ့ ပထမခြေလှမ်းအဖြစ် စတင်လိုက်တာလည်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်တာကာလအထိ တန်းတူပညာသင်ကြားမှုဟာ အစီအစဉ်တခုအဖြစ်နဲ့သာရှိနေခဲ့တာဖြစ်ပြီး အိန္ဒိယအစိုးရဘက်ကနေလည်း ဘယ်လိုတုန့်ပြန်မှတ်ချက်ပြုခြင်းမျိုး မရှိခဲ့တာဖြစ်ပါတယ်။
အခုလက်ရှိအချိန်မှာ ပန်ဂျပ်ပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတွေအတွက် အခမဲ့ ပညာသင်ကြားရေးကို ကြေညာ လိုက်ချိန်မှာတော့ ပြည်နယ်အစိုးရဘက်မှာ မေးခွန်းပေါင်းများစွာအပြင် ငွေရေးကြေးရေး အခက်အခဲတချို့ ရင်ဆိုင် နေရကြောင်း ၊ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေအတွက်လည်း အစိုးရဆီမှ ရန်ပုံငွေလိုအပ်နေကြောင်း သတင်းတချို့ မှာ ဖော်ပြထားတာဖြစ်ပါတယ်။
Ref. truththeory.com
You may also like these stories:
အိန္ဒိယနိုင်ငံကို ဖုန်းခေါ်ဆိုနိုင်မယ့် အူရီဒူးရဲ့ “Roaming Passport” ဝန်ဆောင်မှု