ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် သွားလာခွင့် ပိတ်ထားတဲ့ အချိန်တွေမှာ 7-Eleven ကုန်စုံဆိုင်များအနေနဲ့ အိမ်အရောက် ဝန်ဆောင်မှုတွေ ပြုလုပ်ပေးသွားမယ်လို့ မတ်လ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒီလို ပြုလုပ်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ COVID -19 ကြောင့် သွားလာခွင့် ပိတ်ပင်ထားတဲ့ နေရာတွေမှာ နေထိုင်ရသူများ၊ အိမ်အတွင်းမှာပဲ နေထိုင်ဖို့ သတ်မှတ်ခံထားရသူများနဲ့ အများပြည်သူသုံး သွားလာရေးတွေမှာ သွားခွင့် မရှိသူများကို အဆင်ပြေစေဖို့ ဖြစ်တယ်လို့ သိရပါတယ်။
“ကုမ္ပဏီအနေနဲ့ ထုတ်ထားတဲ့ ဖုန်း Application ကို အသုံးပြုပြီး ဈေး၀ယ်ကြဖို့နဲ့ ဝယ်ထားတဲ့ ပစ္စည်းများကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမယ်”လို့ 7-Eleven ကုမ္ပဏီက ဆိုထားပါတယ်။
ကုမ္ပဏီအနေနဲ့ အိမ်အရောက် ဝန်ဆောင်မှုတွေမှာ ဝင်ရောက် လုပ်ကိုင်နိုင်မယ့် ဝန်ထမ်းများကိုလည်း ခေါ်ယူနေပြီး ထိုင်းနိုင်ငံ တနိုင်ငံလုံးမှာရှိတဲ့ 7-Eleven ဆိုင်တိုင်းက အိမ်အရောက် ဝန်ဆောင်မှုကို ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ ကုမ္ပဏီရဲ့ ပြောကြားချက်အရ သိရပါတယ်။
Ref. nationthailand.com
You may also like these stories:
ကိုဗစ်ရန် ကာကွယ်ဖို့ နိုင်ငံတော် လုံခြုံရေးတပ်တွေရဲ့ အကူအညီ လိုသည်
တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် လူနာအသစ်များ ထပ်မံ တွေ့ရှိလာ
ထိုင်းစစ်တပ်က ဘန်ကောက်ရှိ လမ်းများကို ညစဉ်ပိုးသတ်