အရီဇိုးနားပြည်နယ်ဟာ အမေရိကန်အနောက်တောင်ပိုင်းမှာရှိတဲ့ ပြည်နယ်တခုပါ။ အမေရိကန်နိုင်ငံဟာ ကိုဗစ် ကူးစက်မှု မြင့်တက်နေတဲ့ နိုင်ငံဖြစ်သလို အရီဇိုးနားပြည်နယ်မှာရှိတဲ့ Tucson မြို့ရဲ့ အကျဉ်းထောင်တခုမှာ အကျဉ်းသားပေါင်း ၅၀၀ ကျော် COVID-19 ကူးစက်ခံထားရတယ်လို့ သိရပါတယ်။ ဒီအရေအတွက်ဟာ အကျဉ်းထောင်မှာရှိတဲ့ အကျဉ်းသား တဝက်နီးပါး ရှိပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့မှာ အကျဉ်းထောင်အတွင်း COVID-19 ကူးစက်ခံထားရသူ အရေအတွက် ၅၁၇ ယောက် ရှိနေကြောင်း အရီဇိုးနားအကျဉ်းဦးစီးဌာနက ကြေညာခဲ့ပါတယ်။ ဒါကြောင့်လည်း ကူးစက်ခံထားရတဲ့ အကျဉ်းသားတွေကို တခြားအကျဉ်းသားတွေနဲ့ ရောမထားဘူးလို့ သိရပြီး ဆေးဝါးသမှုနဲ့ လိုအပ်တဲ့ အစားအသောက်တွေ စီမံပေးထားတယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံဟာ COVID-19 ကူးစက်မှု အများဆုံးနိုင်ငံဖြစ်သလို ကပ်ရောဂါကာလကစပြီး အထူးသဖြင့် အကျဉ်းသားတွေမှာ ထိခိုက်မှု ပိုမိုများပြားခဲ့ပါတယ်။ ပြည်နယ် အကျဉ်းဦးစီးဌာနဗျူရိုရဲ့ ထုတ်ပြန်ချက်အရ ကပ်ရောဂါကာလကစပြီး အကျဉ်းသား ၁၀၀ ကျော် COVID-19 ကြောင့် သေဆုံးခဲ့ပြီး ၃၅,၀၀၀ ကျော်ကို ရောဂါစစ်ဆေးပေးထားတယ်လို့ သိရပါတယ်။
အခုရက်ပိုင်းအတွင်း အမေရိကန် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ အကျဉ်းသားတွေမှာ COVID-19 ကူးစက်မှုမြင့်မားနေပြီး သေဆုံးသူ အရေအတွက်လည်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ Johns Hopkins တက္ကသိုလ်ကလည်း အကျဉ်းသားတွေ သေဆုံးမှုက ၃ ဆအထိ မြင့်တက်လာခဲ့ပြီး ကူးစက်မှုက ၅ ဒဿမ ၅ ဆအထိ ရှိလာနိုင်တယ်လို့ ပြောကြားထားပါတယ်။
ကယ်လီဖိုးနီးယားပြည်ရဲ့ အကျဉ်းထောင်တွေမှာလည်း COVID-19 ကြောင့် အကျဉ်းသား ၂၂ ယောက် သေဆုံးခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ အကျဉ်းသားပေါင်း ၂ ဒဿမ ၃ သန်း ကျော်ရှိနေတဲ့အတွက် COVID-19 ကူးစက်မှုဒဏ်ကို အဆိုးဝါးဆုံး ခံစားနေရပါတယ်။ အကျဉ်းထောင်အတွင်း နေထိုင်ရတာဖြစ်တဲ့အတွက်လည်း တယောက်နဲ့ တယောက် ခပ်ခွာခွာ နေထိုင်ဖို့ မလွယ်ကူပါဘူး။
Ref: cbsnews
You may also like these stories:
COVID-19 ကို ထိန်းချုပ်နိုင်ကြောင်း ဒေါ်နယ်ထရမ့် ပြောကြား
အမေရိကန်မှာ COVID-19 ကူးစက်ခံရတဲ့ ခွေး သေဆုံး
အမေရိကန်သံရုံးက ထိုင်းကို Mask များ လှူဒါန်း