ဂျပန်-မြန်မာ ပူးတွဲ ကြေညာချက်တရပ်ကို ဧပြီ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ဧပြီ ၂၁ ရက်နေ့က ကျင်းပသော ဂျပန် ဝန်ကြီးချုပ် ရိုရှီဟီကို နိုဒ နှင့် သမ္မတ ဦးသိန်းစိန်တို့၏ သတင်းစာရှင်းလင်းပွဲမှ သတင်းထုတ်ပြန်ချက်ဖြစ်သည်။ ဂျပန်က မြန်မာနိုင်ငံ ၏ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်ဆောင်ရွက်နေမှုကို အားပေးသည့်အနေဖြင့် မြန်မာအပေါ်တင်ရှိနေသော ကြွေးမြီနှင့် နောက် ကျကြေး၏ ၆၀ ရာခိုင်နှုန်းအား လျှော်ပေးခြင်းနှင့် တိုင်းရင်းသား လူမျိုးများအတွက် အကူအညီပေးရန်၊ ကျန်းမာရေး စောင့် ရှောက်မှု၊ သဘာ၀ ဘေးအန္တရာယ် ကာကွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး အစီအစဉ် များအတွက် ယန်း ၅ ဘီလီယံ ကူညီထောက်ပံ့မည် ဖြစ်ကြောင်း အပါအဝင် အချက် ၅ ချက် ပါဝင်သော ကြေညာချက်ကို ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံတွင် ကျင်းပသော မဟာမဲခေါင် နိုင်ငံများ အစည်း အဝေးသို့ တက်ရောက်ရန် ပြီးခဲ့သည့် အပတ်အတွင်းက စတင်သွားရောက်သည့် ခရီးစဉ်အတွင်း ယခုပူးတွဲကြေညာချက် ထုတ်ပြန် သည့် အစီအစဉ် ဖြစ်ပေါ်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။