မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ သည် ယမန်နေ့ ည ပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး စုံစမ်းလေ့လာရန် လာရောက်ခြင်းဖြစ် ပြီး ၎င်း၏ တပတ်ကြာ ခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူများ၊ ဒေါ်အောင်ဆန်းစုကြည် ၊ အရပ်ဘက်လူမှုကူညီရေး ကိုယ်စားလှယ် များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း၊ မကြာသေးခင်က အကြမ်းဖက်မှုများ ဖြစ်ပွားသော ရခိုင်ပြည် နယ် နှင့် ရန်ကုန်မြို့ အင်းစိန် ထောင်များသို့ သွားရောက်လေ့လာရန် ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။