အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသန်းဆွေ ၏ သံအမတ် ခန့်အပ်လွှာ သမ္မတ အိုဘားမားသို့ ပေးအပ်ပွဲ အခမ်း အနားကို ယနေ့ အိမ်ဖြူတော်၌ ကျင်းပကြောင်း သိရသည်။ ယင်းအခမ်းအနားကို အခြားသော သံအမတ် ခန့်အပ်လွှာပေးအပ်ပွဲများ ကဲ့သို့ပင် ပုံမှန်ကျင်းပခြင်း ဖြစ်ပြီး သတင်းမီဒီယာများ လာရောက်ခြင်း ခွင့်မပြုကြောင်း ယမန်နေ့က အိမ်ဖြူတော်၏ ထုတ်ပြန်ချက် တွင် ပါရှိသည်။ ဦးသန်းဆွေသည် ၂၀၀၄ ခုနှစ်က နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သော ဦးလင်းမြိုင်ပြီးလျှင် ပထမဆုံး အမေရိကန် ဆိုင်ရာ သံအမတ် အဖြစ်ပြန်လည် ထမ်းဆောင်ခွင့်ရသူ ဖြစ်သည်။ အမေရိကန်က မြန်မာနိုင်ငံကို ၁၉၉၀ ပြည့် နှစ်မှစ၍ သံအမတ်အဆင့် လျှော့ချထားသည်။ အမေရိန်-မြန်မာ သံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်က စတင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။