တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(PLA) ဒု စစ်ဦးစီးချုပ် General Ma Xiaotian နှင့် မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ ယမန်နေ့က နေပြည်တော် ဇေယျာ သီရိ ဗိမာန်တွင် တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။ နယ်စပ်ဒေသ အရေး၊ မူးယစ်ဆေးဝါး ပြဿနာ ပူးပေါင်း ဖြေရှင်းရေး၊ မဲခေါင် မြစ်ကြောင်း လုံခြုံရေး ပူးပေါင်း ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ တပ်မတော် အကြား ဆက်ဆံရေး တိုးမြှင့်ရန် စသည်တို့ကို ဆွေးနွေးကြကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။