မြန်မာနှင့် အမေရိကန်နိုင်ငံတို့အကြား လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့နှင့် ယနေ့တို့တွင် နေပြည်တော်၌ ကျင်းပသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒု ဝန်ကြီး ဦးဇင်ယော်နှင့် ဥပဒေနှင့် ကောင်စစ်ရေးရာ ညွှန်ချုပ် ဦးသာအောင်ညွန့် ဦးဆောင်သော အစိုးရတာဝန်ရှိသူများ၊ အမေရိကန်မှ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် ဝန်ကြီး မိုက်ကယ် ပိုစနာနှင့် အမေရိကန်သံအမတ်ကြီး ဒဲရက် မစ်ချယ် ဦးဆောင်သော အဖွဲ့များ တက်ရောက်ကြပြီး အလုပ်သမား ဥပဒေ အကောင်အထည်ဖော်ရေး၊ မြန်မာနှင့် အမေရိကန် နှစ်ဖက် ကာကွယ်ရေးအဖွဲ့များ၏ အနာဂတ် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားသည့် ဒေသများ၌ ပြည်သူများကို အကာအကွယ်နှင့် အကူအညီပေးရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို ဆွေးနွေးကြကြောင်း သိရှိရသည်။ ယမန်နေ့ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။