ဟောင်ကောင် ကုန်သွယ်ရေး ဖွံ့ဖြိုးမှုကောင်စီ(TDC)က စီးပွားရေး ရင်းနှီးမြှုပ်နှံမည့် ကိုယ်စားလှယ် ၁၆၀ တို့အား ဦးဆောင်ကာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ နှင့် ပတ်သက်၍ လွန်ခဲ့သည့် သီတင်းပတ်က လာရောက်လေ့လာခဲ့ရာ ရင်းနှီးမြှုပ်နှံသူများအတွက် အဟန့်အတားများကို တွေ့ရှိရကြောင်း South China Morning Post သတင်းတရပ်၌ ဖော်ပြ ထားသည်။ အဟန့်အတားများမှာ မြေငှားခ မြင့်မားနေခြင်း၊ လျှပ်စစ်မီး အလုံအလောက် မရရှိခြင်းများ ပါဝင်သည်ဟု ဆိုသည်။ ယင်းအဖွဲ့ တွင် အဝတ်အထည် လုပ်ငန်း၊ ယာဉ် အပိုပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်း၊ ထုပ်ပိုးခြင်း ဆိုင်ရာလုပ်ငန်း၊ သတ္တုရည်စိမ် လုပ်ငန်း၊ စီးပွားရေး အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းများနှင့် ငွေကြေးရင်းနှီးစိုက်ထုတ်မှုဆိုင်ရာ လုပ်ငန်းများမှ လုပ်ငန်းရှင် ကြီးများ ပါဝင်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။