သတင်းတို

မြန်မာနှင့် Peace Corps အဖွဲ့ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး

This article has been converted from Zawgyi One to Unicode

အမေရိကန် အခြေစိုက် Peace Corps အဖွဲ့မှ ဥရောပ မြေထဲပင်လယ်ဒေသနှင့် အာရှဒေသ ကျွမ်းကျင်သူ အတိုင်ပင်ခံ Mr. John L Williams သည် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ယမန်နေ့က တွေ့ဆုံကာ ပူးပေါင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။ Peace Corps အဖွဲ့ကို ၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရုံးချုပ်ကို ဝါရှင်တန် ဒီစီတွင် ဖွင့်လှစ်ထားောကာင်း၊ နည်းပညာများ အကူအညီပေးရေး၊ အမေရိကန်၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းကို သိရှိလာစေရေး၊ တခြားသူများ၏ ယဉ်ကျေးမှု ဓလေ့ထုံး စံများကို သိရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Loading