မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကချင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်ပြီး ကြေညာချက်တစောင်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ ကချင် စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ပြန်လည် ထူထောင်ရေး မလုပ်မီ မိုင်းရှင်းလင်းရေး ပြုလုပ်ရန် လိုကြောင်း၊ မိုင်းရှင်းလင်းရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်းနှင့် ဒေသခံများကို မိုင်းအသိပညာ ပေးသင့်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ကျေးရွာလူထုအပေါ် လူ့အခွင့်အရေး ဖောက်ဖျက်ခြင်း မပြုရန်၊ တပ်သားသစ်များ အဓမ္မ မစုဆောင်းရန်နှင့် ဒုက္ခသည်များထံ လူသားချင်း စာနာထောက်ထားမှု အကူအညီများ လုံခြုံရေး ချောမွေ့စွာ ပို့ဆောင်ရေး ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။