သတင်းတို

Korean Air နှင့် MAI ပူးပေါင်း လုပ်ကိုင်မည်

This article has been converted from Zawgyi One to Unicode

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) နှင့် Korean Air လေကြောင်းလိုင်းတို့ ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။ လေကြောင်းလိုင်း တာဝန်ရှိသူများက ခရီးသည်ဆိုင်ရာ ၊ လုံခြုံရေးဆိုင်ရာ ၊ လေယာဉ်ပေါ် ဝန်ဆောင်မှု ဆိုင်ရာ၊ လေယာဉ် ပျံသန်းရေးဆိုင်ရာ နှင့် ပြုပြင်ထိန်းသိမ်းမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးကြကြောင်း Cargo News Asia အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။ Korean Air လေကြောင်းလိုင်းသည် ဆိုးလ်မြို့နှင့် ရန်ကုန်မြို့ကို ပျံသန်းပြေးဆွဲမည် ဖြစ်ကြောင်းလည်း သိရသည်။

Loading