သတင်းတို
မြန်မာအမျိုးသမီး ဘောလုံးအသင်း အာရှခြေစစ်ပွဲ အောင်
This article has been converted from Zawgyi One to Unicode
၂၀၁၄ ခုနှစ် အာရှဖလား အမျိုးသမီးဘောလုံး ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု(ဃ) ပွဲစဉ်များကို ယမန်နေ့ညက ပါလက်စတိုင်း နိုင်ငံတွင် ကျင်းပရာ မြန်မာအသင်းက ထိုင်ဝမ် အသင်းကို ဂိုးမရှိ သရေကစားကာ ခြေစစ်ပွဲ အောင်မြင်သွားပြီ ဖြစ်သည်။ မြန်မာ အမျိုးသမီး ဘော လုံး အသင်းသည် အိန္ဒိယအသင်းကို ၂ း ၀ ဖြင့် လည်းကောင်း၊ ပါလက်စတိုင်းအသင်းကို ၉ း ၀ ဖြင့်လည်းကောင်း၊ ထိုင်ဝမ် အသင်းကို ၀ း ၀ ဖြင့် ရှုံးပွဲ မရှိ၊ ပေးဂိုး မရှိဖြင့် ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ အမျိုးသမီး ဘောလုံးအသင်းမှာ အာရှဖလား ခြေစစ်ပွဲကို စတုတ္ထ အကြိမ်မြောက် ယှဉ်ပြိုင်ခွင့် ရရှိခြင်း ဖြစ်ပြီး အာရှဖလား နောက်ဆုံးအဆင့် ပြိုင်ပွဲကို ၂၀၁၄ တွင် ဂျပန်နိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။