ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်သည် ပြင်သစ်နိုင်ငံသို့ ခရီးဆက်လက် ထွက်ခွာရာ ယနေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီကျော်တွင် ပဲရစ်မြို့သို့ ရောက်ရှိကြောင်း သတင်းရသည်။ လန်ဒန်မြို့မှ Euro Star ခရီးသည်တင် အမြန်ရထားဖြင့် ဒေသ စံတော်ချိန် နံနက် ၄ နာရီက ထွက်ခွာလာခဲ့ခြင်း ဖြစ်ပြီး Les Invalides အဆောက်အအုံ ရင်ပြင်တွင် ပြင်သစ်နိုင်ငံက ဂုဏ်ပြုတပ်ဖွဲ့နှင့် ကြိုဆိုကြောင်း သိရသည်။ ဦးသိန်းစိန်သည် နံနက် ၈ နာရီခွဲတွင် ပြင်သစ် စီးပွားရေး လုပ်ငန်းရှင် ၄၀ ကျော်နှင့် တွေ့ဆုံကြောင်း သမ္မတ ပြောခွင့်ရ ဦးရဲထွဋ် ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။ ဗြိတိန်နှင့် ပြင်သစ် ခရီးစဉ်ကို ဦးသိန်းစိန်သည် ဇူလိုင် ၁၄ ရက်က စတင်ခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။