သတင်းတို
ဇူလိုင်လ တလအတွင်း ယာဉ် မတော်တဆမှုကြောင့် လူ၂၅၀ ကျော် သေဆုံး
This article has been converted from Zawgyi One to Unicode
၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း နေပြည်တော် နှင့် ပြည်နယ်များတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှု ပေါင်း ၁၀၈၀ မှု၊ ထိခိုက်ဒဏ်ရာ ရသူ ၁၆၇၁၊ သေဆုံးမှု ၂၅၂ ဦးရှိကြောင်း ရဲဇာနည် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါ စာရင်းအရ မန္တလေး တိုင်းတွင် ၁၇၃ မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၃၁၅ ဦး၊ သေဆုံးသူ ၄၄ ဦး ရှိကာ အများဆုံး ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၃၅ မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၁၃ ဦး၊ သေဆုံးသူ ၃၄ ဦးရှိကာ ဒုတိယ အများဆုံးဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၁၃၄ မှုဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ ၂၀၇ ဦး၊ သေဆုံးသူ ၂၉ ဦး ရှိကာ တတိယ အများဆုံးဖြစ်ကြောင်း သိရ သည်။