သတင်းတို
မြန်မာနှင့် အီးယူ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်များ ကျင်းပမည်
This article has been converted from Zawgyi One to Unicode
ဥရောပသမဂ္ဂ နှင့် မြန်မာနိုင်ငံတို့အကြား နိုင်ငံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ Business Forum, Democratic Civil Society Forum နှင့် Development Forum များကို နိုဝင်ဘာ ၁၄ ရက်နေ့ ရန်ကုန်ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တွင် ကျင်းပမည် ဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်နေ့ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန (MICC) တွင် အီးယူနှင့် မြန်မာ အကြား ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူ စာချုပ်များ လက်မှတ်ရေးထိုးကြမည် ဖြစ်ကြောင်း EU-Myanmar Task Force ၏ ထုတ်ပြန်ချက်အရ သိရသည်။