နိုင်ငံတော်အကြီးအကဲတာဝန်နဲ့ အစိုးရအဖွဲ့တာဝန်များ စနစ်တကျ လွှဲပြောင်း ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဦးစီးပြီး ပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးမှာ အစိုးရအဖွဲ့ဘက်မှ ကျွန်တော်၊ ဦးမောင်မောင်အုန်း ၊ ဦးဇော်ဌေး တို့ တက်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ဦးဝင်းထိန်၊ ဒေါက်တာမျိုးအောင်၊ ဒေါက်တာအောင်သူတို့ တက်ရောက်ပါတယ်။ အစည်းအဝေးမှာ တာဝန်လွှဲပြောင်းရာတွင် အဆင်ပြေချောမွေ့ စေရန်အတွက် နှစ်ဘက်ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို အသေးစိတ်ဆွေးနွေး ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ ဖေစ်ဘွတ်ခ်တွင် ဖော်ပြထားပါတယ်။