• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကချင်ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေး ရက်အကန့်အသတ် မရှိ ရပ်ဆိုင်း

by နန်းလွင်နှင်းပွင့်
28 January 2019
in သတင်း
A A
ကချင်ပြည်နယ် လွှတ်တော်  / Kachin State Hluttaw facebook

ကချင်ပြည်နယ် လွှတ်တော် / Kachin State Hluttaw facebook

17.7k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် ဝန်ကြီးဌာနအသစ် တခုဖွဲ့ရန် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် က တင်သွင်းရာ လုပ်ပိုင်ခွင့်ကျော်လွန်သည်ဟု အမတ်တချို့ဝေဖန်သဖြင့် အစည်းအဝေးကို ရုပ်သိမ်း၍ ရက် အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း သတင်း ရရှိသည်။

ယနေ့ နံနက်ပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ လွှတ်တော်ဝင်းအတွင်း ဒုတိယအကြိမ် ကချင်ပြည်နယ် လွှတ် တော် အရေးပေါ် အစည်းအဝေးတွင် ဒေါက်တာ ခက်အောင်က လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာနကို ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ် နှင့် စက်မှုလက်မှု ဝန်ကြီးဌာန ဟူ၍ ၂ခု ခွဲပြီး ပြန်လည်ဖွဲ့စည်းရန် တင်သွင်းခြင်း ဖြစ်သည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
40
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
567
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
167

ဒေါက်တာ ခက်အောင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၄၈ ပုဒ်မခွဲ (ဂ) အရ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီး ဌာန ကို ပြင်ဆင်ဖွဲ့စည်းရန် လွှတ်တော်သို့ တင်သွင်းကာ ဆန္ဒရယူခြင်း ဖြစ်သည်ဟု တင်သွင်းစာတွင် ရေးသားထားသည်။

သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၈ ၊ ပုဒ်မခွဲ (ဂ)တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး ဌာနများကို လိုအပ်သလို ပြင်ဆင်ဖြည့်စွက်ခြင်း ပြုရာတွင် နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော် ၏ သဘော တူညီချက်ဖြင့် ဆောင်ရွက်နိုင်သည်ဟု ပြဌာန်းထားသည်။

ပြဌာန်းချက်အရ ပြည်နယ်ဝန်ကြီး ဌာနကို လိုအပ်သလို ပြင်ဆင်ဖြည့်စွက်ရမည်မှာ နိုင်ငံတော်သမ္မတ တာဝန် ဖြစ် သဖြင့် လွှတ်တော်အမတ် ၄ဦးက ကန့်ကွက်ရာ အရေးပေါ် အစည်းအဝေးကို ရုပ်သိမ်းလိုက်ရခြင်း ဖြစ်ကြောင်း သိရ သည်။

တနိုင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက”ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းက ဝန်ကြီးချုပ်ကို လုပ်ပိုင်ခွင့် ပေးမထားပါ။ နိုင်ငံတော် သမ္မတသည်လို့ ပြောထားတဲ့အတွက် နိုင်ငံတော် သမ္မတက လွှတ်တော်ကို တင်သွင်းလာမှသာ ဒီအာဂျန်ဒါ ဆက်လုပ်လို့ ရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ဝန်ကြီးချုပ်၏ လုပ်ပိုင်ခွင့် ဟုတ်မဟုတ်ကို လွှတ်တော်တွင်း အမတ်များ စဉ်းစားပါဟုလည်း ဦးဇော်ဝင်းက ပြောဆို သည်။

ဦးဇော်ဝင်းက ဥပဒေပြု အမတ်များအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ် စေ လက်ရှိတွင် နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သဖြင့် လိုက်နာရမည်ဖြစ်ပြီး ဥပဒေပြုရေးမဏ္ဍိုင် အဓိပတိ ဖြစ်သည့် လွှတ်တော် ဥက္ကဋ္ဌ သည်လည်း လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ပါက ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ကျမည်ဟု ဆိုသည်။

ဦးဇော်ဝင်းက”ကျနော်တို့သည် ဒါကြီးကို ခွင့်ပြုလိုက်မယ်ဆိုရင် ကျနော်တို့ ကချင်ပြည်နယ်လွှတ်တော် အမတ်များ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်နေပြီလားဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်ပါ တယ်”ဟုလည်း ပြောသည်။

တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးလဂျွန်ငန်ဆိုင်း နှင့် နောင်မွန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးချန်တန်ခင် တို့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီကြောင်း လွှတ်တော်တွင်း ဆွေးနွေးခဲ့သည်။

ဦးလဂျွန်ငန်ဆိုင်းကလည်း”ဦးဇော်ဝင်းပြောသလိုပဲ လက်ခံဖို့ ခဲယဉ်းပါတယ်”ဟု ပြောဆိုသည်။

ဝန်ကြီးဌာန အသစ်တခု ဖွဲ့စည်းရာတွင် အသစ်ခန့်ရမည့် ဝန်ကြီးအတွက် ဥပဒေအရ ရရှိမည့် အဆောင် အယောင်၊ လစာများကို ဘတ်ဂျက်တွင်း ထည့်သွင်း စဉ်းစားခြင်းများနှင့် လွှတ်တော် ကိုယ်စားလှယ်များကြား ဆွေးနွေးပြီးမှ အတည်ပြုရန် လိုပြီး မြန်မြန်ဆန်ဆန် ချက်ချင်းဆုံးဖြတ်ရန် မသင့်လျော်ကြောင်း ဦးလဂျွန်ငန်ဆိုင်းက ဆိုသည်။

လွှတ်တော်ဥက္ကဌ ဦးထွန်းတင်က ယခုလွှတ်တော် အရေးပေါ်အစည်းအဝေးကို သမ္မတမှ ဖုန်းဖြင့် တိုက်ရိုက် ဆက် သွယ် ကာ ညွှန်ကြားလာသဖြင့် ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

ဦးထွန်းတင်က”၃ ရက် အတွင်းမှာ လွှတ်တော် ခေါ်ဖို့ ဖုန်းနဲ့ ကျနော့်ကို (သမ္မတက) အမိန့်ပေးခဲ့ပါတယ်။ အဲ့ဒီ အရ ကျနော်က အားချင်းလာပြီး လွှတ်တော် ခေါ်ပေးရတာ ရှိပါတယ်။ ဝန်ကြီးချုပ်ကြီးလည်း သမ္မတကြီးကနေ သူ့ရဲ့ အမိန့် အရ ဒီလိုဆောင်ရွက်ပါဆိုတဲ့ အမိန့်ရှိပါလိမ့်မယ်။ ကျနော့်တို့ဆီလည်း ရောက်တဲ့ အနေအထား ရှိပါတယ်”ဟု ပြောဆို သည်။

အရေးပေါ် အစည်းအဝေးတွင် အငြင်းပွားမှုများနှင့် ကန့်ကွက်မှုများ ရှိသဖြင့် လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတ ကို အကြောင်းကြားမည်ဖြစ်ပြီး သမ္မတမှ အကြောင်းမပြန်သေးသည့် အချိန်ကာလအတွင်း အစည်းအဝေးကို ရက် အကန့် အသတ်မရှိ ရပ်နားကြောင်း ကြေညာလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကို သမ္မတက နှုတ်မိန့်ဖြင့် ညွှန်ကြားလာခြင်းကြောင့် ဝန်ကြီးချုပ်က လွှတ်တော် တွင်း တင်သွင်း လာရခြင်း ဖြစ်ကြောင်း သိရသည်ဟုလည်း ဆွမ်ပရာဘွမ် မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စား လှယ် ဒေါ်ဂျေထုရော် က ပြောသည်။

မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက ယနေ့ အရေးပေါ် အစည်းအဝေးတွင် လစ်လပ်နေ သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြသိန်း၊ လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်၊ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင် တို့ နေရာ ၃ ခုတွင် အသစ်ပြန်လည် ခန့်ထားမည့် အမည် စာရင်းများ တင်သွင်း ဆွေးနွေးရန် အစီအစဉ် ပါရှိသော်လည်း အစည်းအဝေးကို ရုပ်သိမ်းလိုက်သဖြင့် လစ်လပ် ဝန်ကြီး ၃ နေရာအတွက် ဆွေးနွေးမှု မပြုလုပ်လိုက်ရဟု ပြောသည်။

ဇန်နဝါရီလ ၁၈ ရက်က အဆိုပါ ဝန်ကြီး ၃ ဦးကို နိုင်ငံတော် အတိုင်ပင်ခံက ညွှန်ကြားသည်ဟု ဆိုကာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က နှုတ်ဖြင့် ပြော၍ နုတ်ထွက်ခိုင်းခဲ့ကြောင်း သိရသည်။

ပြစ်ချက် တစုံတရာ ပြနိုင်ခြင်း မရှိသည့်အပြင် သမ္မတက တိုက်ရိုက်စာဖြင့် ညွှန်ကြားခြင်းမပြုဘဲ ဒေါက်တာ ခက်အောင်က နှုတ်ဖြင့် တဆင့်စကား ညွှန်ကြားသဖြင့် ဝန်ကြီး ၃ ဦးက မနုတ်ထွက်နိုင်ကြောင်း ပြောဆိုကာ အငြင်း ပွားမှုများ ဖြစ်ပွားထားသည်။

အငြင်းပွားမှုများ ဖြစ်ပြီးနောက် ဇန်နဝါရီလ ၂၁ရက်မှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတရုံး အမိန့်စာ ထုတ်၍ နုတ်ထွက်ခွင့်နှင့် တာဝန်မှ ရပ်ဆိုင်းကြောင်း ညွှန်ကြားခဲ့သည်။

Your Thoughts …
Tags: ကချင် လွှတ်တော်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

ကချင်ပြည်နယ် လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်  / ကချင်ပြည်နယ် လွှတ်တော် ဖေ့စ်ဘုတ်

သမ္မတ တင်သွင်းသည့် ကချင်ပြည်နယ် ဝန်ကြီးဌာန ၂ ခု တိုးချဲ့ရေး မဲခွဲရာ ရှုံးနိမ့်

by နန်းလွင်နှင်းပွင့်
29 January 2019
22.4k

ကချင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် သမ္မတ တင်သွင်းသည့် လမ်းပန်း ဆက်သွယ် ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာနကို ဝန်ကြီးဌာန ၂ ခု အဖြစ် တိုးချဲ့ ဖွဲ့စည်းရေး မဲခွဲ ဆုံးဖြတ်ရာ...

Next Post
လူရွှင်တော်ကြီး ဦးမန်းဝင်း  / ဧရာဝတီ

ပိုက်ဆံ မရရင် နေပါစေ၊ ပွဲတွေမှာ ပြက်လုံးတွေ ပြက်ချင်သေးတဲ့ လူရွှင်တော် မန်းဝင်း

ဆင်များရှင် စာသင်တိုက်အတွင်း ဖမ်းဆီးရမိသည့် တရားမဝင်သစ်များ / Forest Department

မန္တလေး ဆင်များရှင် စာသင်တိုက်အတွင်း တရားမဝင်သစ် ၁၇ တန်ကျော်ဖမ်းမိ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

18 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate